အခန်း(၂၉) ဝမ်ဝမ့်ဟောက်-၁
စုယာယာ တစ်ခဏတာ ဆွံ့အသွားမိ၏။ သူ့မရှေ့က လူကို သူမ မမှတ်မိပါချေ။ မူလပိုင်ရှင်က သူ့ကို သိကောင်းသိခဲ့ပါ လိမ့်မယ်ဆိုပေမယ့် သိပ်လေးလေးနက်နက်မရှိခဲ့ချေ။
ထိုအမျိုးသားက သူမရဲ့မျက်နှာအမူအရာပုံစံကနေ သူမက သူ့ကို မမှတ်မိနေဘူးဆိုတာကို ခန့်မှန်းတယ်။ သူက အပြုံးဖျော့ဖျော့လေးနှင့် ပြောသည်။
"ငါက ဝမ်ဝမ့်ဟောက်လေ... အခုရော မှတ်မိပြီလား?"
စုယာယာ အံအားသင့်မှုကြောင့် ပင့်သက်ရှိုက်မိပြီးကာမှ ပြောရသည်။
"နင်က အရမ်းပြောင်းလဲသွားတာပဲ.. ငါတောင် နင့်ကို မမှတ်မိလိုက်နိုင်ဘူး"
သူမက သာမန်ကာလျှံကာသာ ပြောလိုက်ခြင်းပင်။ သူတို့က အရမ်းကို ပြောင်းလဲသွားခဲ့တဲ့အတွက်ကြောင့် သူမ သူ့ကို မမှတ်မိဘူးလို့ ပြောလိုက်ခြင်းအားဖြင့်သာ မမှတ်မိ ခဲ့တဲ့ သူမရဲ့ဂွကျမှုအခြေအနေကို ပြန်ကာလိုက်နိုင်မယ်လေ။
ထိုစကားကို ကြားတော့ ဝမ်ဝမ့်ဟောက်ရဲ့နှုတ်ခမ်းက တွန့်ကွေးသွား၏။
"ငါက အမြဲ ဒီလိုပါပဲ... မင်ကသာ ငါ့ကို နင့်နှလုံးသားထဲ နေရာမပေးထားတာပါ"
အာ....
ကိုရိုးကားရားပဲ....
ဘေးကမြင်နေရသူ ကျုံဖိန်ယွင်က ထိုအခြေအနေကို ပြေသွားစေဖို့ လုပ်တယ်။ သူမက ပြုံးပျော်စွာ ပြော၏။
"မင်္ဂလာပါ ဉက္ကဌဝမ်... ကျွန်မက ယာယာရဲ့ မန်နေဂျာ ပါ... ဉက္ကဌက သူမကို သိနေပြီးသားနဲ့တူတယ်.. ကျွန်မသာ သိခဲ့ရင် ကျွန်မ သူမကို စောစော ခေါ်လာပါတယ်... ဉက္ကဌတို့ က အထက်တန်းကျောင်းအတန်းဖော်တွေလား?"
ဝမ်ဝမ့်ဟောက်က အေးအေးဆေးဆေးပဲ ပြန်ပြောသည်။
"မူလတန်းကျောင်းအတန်းဖော်"
ဟမ်...
စုယာယာ သူ့ကို ကြည့်ပြီး မကျေမနပ်ပြောမိသည်: *မူလတန်းကျောင်းအတန်းဖော်? သူက မူလပိုင်ရှင်ကို အနည်းဆုံးဆယ်စုနှစ်တစ်ခုစာလောက် မတွေ့ဖြစ် ခဲ့တာလေ။ အခု သူမက ဝိညာဉ်ကူးပြောင်းလာပြီဆိုတော့ တစ်ခါလေးနဲ့ သူမက သူ့ကို မှတ်မိသွားတယ်ဆိုရင် တစ်မျိုး ကြီး ဖြစ်နေမှာပေါ့!
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now