Chapter 98(Uni&zawgyi)

5K 628 28
                                    

Unicode

အခန်း(၉၈)အကြီးစားလျှို့ဝှက်ချက်!-၁

ချန်ရှုံချီသည် မျက်နှာသေနှင့်အခန်းထဲ ဝင်လာခဲ့ပြီး အခြားသူတွေကို ပြောကြားသည်။

"ကျန်တဲ့သူတွေအားလုံး အပြင်ထွက်ပေးပါ.. ကျွန်တော် သူနဲ့နှစ်ယောက်တည်း ပြောစရာရှိတယ်"

အခန်းထဲမှာ ရှုချောင်ရန်၏ လက်ထောက်နှစ်ယောက် သည်လည်း ရှိနေဆဲဖြစ်သည်။ ထိုနှစ်ဉီးက သူ့ကိုကြည့်လာ ပြီး ရှုချောင်ရန်က သူတို့ကို ခေါင်းငြိမ့်ပြပြီး ပြောသည်။

"မင်းတို့နှစ်ယောက်လည်း အပြင်ထွက်ပေးပါ"

ထို့နောက်တော့ လက်ထောက်တွေက လုပ်လက်စ အလုပ်တွေကို အမြန်ချလို့ အပြင်ထွက်သွားခဲ့ကြတော့ သည်။

ချန်ရှုံချီနှင့် ရှုချောင်ရန်တို့သာ အခန်းထဲမှာ ကျန်ရစ် နေခဲ့သည်။

ရှုချောင်ရန်က ခေါင်းကို စောင်းပြီး သူ့ထံ ပြုံးပြရင်း စကားဆိုသည်။

"ကျွန်တော်ရဲ့ချစ်လှစွာသောအစ်ကိုကြီး, မနက်ခင်း ဒီ လောက်အစောကြီးမှာ ဘာကြောင့်များကျွန်တော်ကို တွေ့ဖို့ ရောက်လာရတာလဲဗျ? အို ခန့်မှန်းကြည့်ရအောင်.. ကျွန်တော်နဲ့စုယာယာ အကြောင်းကြောင့်ပဲဖြစ်ရမယ် ဟုတ်တယ်မလား? ပြောရမယ်ဆိုရင်တော့ စုယာယာက တကယ့်ကို ချစ်ဖို့ကောင်းတဲ့အမျိုးသမီးလေးပဲ! သူမက ကြင်နာတယ်..နူးညံ့တယ်..နောက်ပြီးချိုသာတယ်.. လူတိုင်း ကို သူမအား အရသာခံချင်အောင်လုပ်နေသလိုမျိုးပဲ, ဟုတ် တယ်မလား အစ်ကိုကြီး?"

ချန်ရှုံချီက သူ့ကို တည်တင်းစွာ ဆိုလာသည်။

"သူမနဲ့ ဝေးဝေးနေ!"

ရှုချောင်ရန်သည် မျက်ခုံးတစ်ဖက်ပင့်ပြ၏။

"ခင်ဗျားရဲ့စကားကို ကျွန်တော်က ဘာဖြစ်လို့နား ထောင်ရမှာလဲ?ကြိုက်တဲ့သူနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်လို့ ရတယ်.. ကျွန်တော် သူမနဲ့ဆော့ကစားချင်တယ်ဆိုရင် ကစားလို့ရတယ်.. ခင်ဗျား ထိန်းချုပ်ထားလို့မရဘူး!"

ချန်ရှုံချီသည် သူ့ကို ခြိမ်းမောင်းသောအကြည့်တစ်ချက် ပစ်လွှတ်လိုက်၏။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now