အခန်း(၃၄) သူမမှာ သရုပ်ဆောင်ပါရမီရှိတယ်-၂

6.2K 754 4
                                    

Unicode

အခန်း(၃၄) သူမမှာ သရုပ်ဆောင်ပါရမီရှိတယ်-၂

အကူဝန်ထမ်းလေးတွေမှာလည်း သူတို့အခက်အခဲနဲ့ သူတို့ ရှိကြပြီး သူတို့အလုပ်အတွက် ဒါကို လုပ်မှဖြစ်မယ် ဆိုတာကို သူမ တွေးမိတော့ စုယာယာ စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ ဒီနေ့အတွက် သူမမှာ ဒီကြော်ငြာတစ်ခု သာ ရိုက်ကူးဖို့လိုအပ်ပြီး အခြားပူပန်စရာကိစ္စတွေ ရှိမနေ ပေ။

စုယာယာက အကူဝန်ထမ်းလေးကို ပြန်ပြောတယ်။

"မင်းတို့ သွားလုပ်ကြပါ.... ကျွန်မအတွက် စိတ်မပူပါနဲ့.. ကျွန်မ စောင့်နိုင်ပါတယ်"

"ကျေးဇူးပါဗျ..ကျေးဇူးပါဗျ"

အကူဝန်ထမ်းလေးက သူမကိုကျေးဇူးတင်ပြီး ချက်ချင်း ထွက်ခွာသွားသည်။

မိက်ကပ်ဆရာကလည်း တခြားအလုပ်လုပ်ဖို့ ရှိနေတဲ့ အတွက်ကြောင့် သူမရဲ့မိက်ကပ်ဘောက်စ်ကို ထုပ်ပိုး သိမ်းဆည်းပြီးနောက် ထွက်သွားခဲ့သည်။

အဝတ်အစားလဲခန်းထဲမှာ စုယာယာ တစ်ယောက် တည်းသာ ကျန်ခဲ့တော့သည်။ ကျုံဖိန်ယွင်ကလည်း သူမရဲ့အနုပညာရှင်,ရှောင်ရှင်းနဲ့ ကိစ္စကို ကိုင်တွယ်လို့ မပြီးစီးသေးချေ။ ခုဏက သူမ(ကျုံဖိန်ယွင်)ရရှိခဲ့သည့် ဖုန်းခေါ်ဆိုမှုက အနည်းငယ်ပြင်းထန်၏။ စုယာယာကို ထိုအကြောင်း သတင်းပေးပြီးနောက် ရှောင်ရှင်းကိစ္စစုံစမ်းဖို့ အလောတကြီး ထွက်သွား၏။

စုယာယာ အဝတ်လဲခန်းတွင် တစ်ကိုယ်တည်း ထိုင်နေ ၏။ ဖုန်းကို ထုတ်ပြီး သူမ မနေ့ညကမှ ဒေါင်းထားသည့် Fruit Smash ဆိုသည့်ဂိမ်းကို ကစားဖို့ ပြင်သည်။ ထိုညက သူမ လယ်ဗယ်တော်တော်များများ အောင်ခဲ့၏။ လယ်ဗယ် တိုးလာသည်နှင့်အမျှ ပိုပိုခက်ခဲလာတယ်ဆိုတာကတော့ ပြောနေစရာကို မလိုချေ။ နောက်ဆုံး Level 72, ဘယ်လို ကျော်ဖြတ်ရမလဲလို့ သူမ ကြိုးစားပမ်းစား လေ့လာစီစစ်နေ ရသည့် လယ်ဗယ် .. ထိုနေရာမှ တစ်နေခဲ့သည်။

သူမ ဂိမ်းဆော့နေရင်း အချိန်တွေက ကုန်နေခဲ့ပြီ။ မသိ လိုက် မသိဖာသာဖြင့် အချိန် ၂ နာရီနီးပါး ကုန်လွန်သွားခဲ့၏။ အစကတော့ စုယာယာသည် သူမ ထိုအကူဝန်ထမ်းကို ဒီလောက် စောင့်ရမည်မဟုတ်ဟု တွေးခဲ့မိပေမယ့် သူမ ဖုန်းပေါ်က နာရီကတော့ နေ့လည် ၁ နာရီရှိနေခဲ့ပြီဆိုတာကို ညွှန်ပြလို့နေသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now