7.9K 872 14
Unicode
အခန်း(၂၄) ယာယာက ချစ်ဖို့ကောင်းလို့လေ-၂
ကျုံဖိန်ယွင်ရဲ့ ရှုထောင့်မှဆိုရင် စုယာယာက ပျိုးထောင် ဖို့ သင့်တော်တဲ့သူတစ်ယောက်ပေ။ သူမက လှတယ် ပြီး တော့ သူမရဲ့ဇာတ်ကောင်တွေကို ဆွဲခေါ်လာနိုင်တဲ့စွမ်းရည် လည်း ရှိတယ်။ သူမကို နောက်ကနေ ထောက်ပံ့ပေးနေမယ် ချန်ရှုံချီလည်း ရှိနေသေးတယ်။ သူမသာ ပြင်းပြင်းပြပြ ကြိုးစားမယ်ဆိုရင် တစ်နေ့မှာ နာမည်ကျော်ကြားလာမှာ ပင်။
ဒါပေမယ့် ဒီမိန်းမမှာ အကျင့်ဆိုးတစ်ခုရှိ၏။ သူမက နည်းနည်း အပျင်းကြီးပြီး ဇီဇာကြောင်တာပဲ။ အရင်တုန်းက ကျုံဖိန်ယွင က သူမအတွက် အလုပ်စီစဉ်ပေးစဉ်က သူမက မကြိုက်တဲ့အကြောင်း ဖော်ပြပြီး ချန်ရှုံချီနဲ့ ဒိတ်ရင်ဒိတ် မဟုတ်ရင်လည်း သူနဲ့ အိပ်နေတတ်တယ်။
ဖြစ်နိုင်တာကတော့ စုယာယာက သူမရဲ့ အထောက် အပံ့ကြီးအဖြစ် ချန်ရှုံချီ ရှိနေတာကြောင့် စိုးရိမ်စရာတွေ မရှိတော့ဘူးလို့ ယုံကြည့်နေတာမျိုးဖြစ်မယ်။ ရလဒ်အနေနဲ့ ကတော့ သူမက သူမရဲ့မန်နေဂျာကို အရေးမထားတော့ တာပင်။
သူမ သူမ(စုယာယာ)အတွက် စီစဉ်ပေးထားတဲ့ အလုပ် တွေကို စုယာယာ ဖျက်ပစ်တာမျိုး အကြိမ်အနည်းငယ် ရှိခဲ့ တယ်။ စိတ်တိုစရာကောင်းပုံများ!
အစတုန်းကတော့ ကျုံဖိန်ယွင်က စုယာယာကို အလုပ် မလုပ်တဲ့အတွက် ဆူပူမလို့ဘဲ။ ချန်ရှုံချီက သူမထံ ဒုတိယ တစ်ကြိမ် ရောက်ချလာလိမ့်မယ်လို့ ဘယ်သူ သိခဲ့ပါမလဲ။ သူက သူမ(စုယာယာ) အလုပ်လုပ်ချင်ရင် လုပ်ခွင့်ပြုဖို့ မလုပ်ချင်ရင်လည်း သူမ(စုယာယာ) ပျော်နေသ၍ ဒီတိုင်း လွတ်ထားပေးဖို့ ပြောလာတယ်။
အိုကေလေ။ သူကိုယ်တိုင်က စုယာယာ ပျော်နေသ၍ လို့ ပြောနေမှာတော့ သူမက ဘာများ ပြောနိုင်ပါဉီးမလဲ? သူမက အင်အားသိပ်မရှိတဲ့ မန်နေဂျာသာသာလေ။ ကျုံဖိန်ယွင်မှာ သူ့စကားကို နာခံရုံသာ။ သူမက ဒီကိစ္စတွေ ကို ဘာမှမသိသလိုပဲ ဟန်ဆောင်နေခဲ့ပေးလိုက်တာပေါ့။ ထိုအချိန်မှစလို့ ကျုံဖိန်ယွင် စုယာယာရဲ့ ကိစ္စတွေနဲ့ အနှောက်အယှက်ပေးတာကို ရပ်လိုက်ပြီး သူမ စိတ်တိုင်းကျ သာ နေစေလိုက်တော့သည်။
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာМесто, где живут истории. Откройте их для себя