အခန်း(၂၇) ကောင်းမွန်သောဆက်ဆံရေး-၂
အရင်က ကျုံဖိန်ယွင်သည် ဒီကောင်မလေးရဲ့ ပျင်းရိ သော ပင်ကိုစရိုက်ကို‌ တွေးမိတိုင်း စိုးရိမ်စိတ်ပူနေရသည်။ ဉက္ကဠချန်သာ သူမကို မလိုချင်တော့ရင် ဒီကောင်မလေးမှာ ငိုချိန်တောင် ရလိုက်မှာ မဟုတ်ပေ။ သို့သော် အခုတော့ သူမ စိတ်ချလို့ရပြီ။ စုယာယာရဲ့ နားလည်နိုင်စွမ်းက အခြေအနေ တစ်ခု ရှိလာတယ်နဲ့တူသည်။ ဆိုတော့ကာ ယခု သူမကို ဆက်လက်ပျိုးထောင်ပေးဖို့ ဖြစ်နိုင်ခြေတော့ ရှိလာခဲ့ပြီ။
စုယာယာကတော့ ကျုံဖိန်ယွင်ရဲ့ အတွေးတွေကို မသိပါ ချေ။ သူမနဲ့ ချန်ရှုံချီမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိတယ်လို့ သူမရဲ့မန်နေဂျာ၏ မှတ်ချက်စကားကို ကြား တော့ မနေနိုင်ဘဲ ရယ်နေမိသည်။ စုယာယာရဲ့ လခြမ်းကွေး လို မျက်ဝန်းတစ်စုံက ပြုံးနေခဲ့ပြီး ချိုသာစွာ ပြော၏။
"ညီမတို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိပါတယ် ... သူက ညီမကို ပလက်တီနပ်ကဒ် တစ်ကဒ်ကိုတောင် ပေးထားပြီး ကြိုက်တာဝယ်ဖို့ ပြောသေးတယ်.. အခုတောင် ညီမကို လက်ဆောင်လိုချင်လားလို့ မေးနေသေးတယ်.. ဒါပေမယ့် သူက ညီမကို အများကြီး ပေးထားပြီးပြီဆိုတော့ သူ့ကို ထပ်တောင်းဆိုဖို့က နည်းနည်း ရှက်စရာကောင်း တယ် ေ.. အထူးသဖြင့် ဒီနေ့မနက်က ပေးခဲ့တဲ့ ဒုတိယ အမျိုးသမီးဇာတ်ကောင်နေရာမျိုးပေါ့.. ဟိဟိ..."
သူမ ဘယ်လောက်တောင် ရူးရူးနှမ်းနှမ်း ပျော်နေသလဲ ဆိုတာကို မြင်တော့ ကျုံဖိန်ယွင် သူမရဲ့အရင် အတွေးတွေ ကို တကယ် ပြန်ရုတ်သိမ်းချင်သွားတယ်။ ဒီကောင်မလေးကို ဉာဏ်ပိုကောင်းလာပြီလို့ သူမ ထင်ခဲ့မိတာ ... တကယ်တမ်း တော့ သူမမှာ ဒီလောက် ရည်မှန်းချက်ကလေးသာ ရှိ၏။ ကျုံဖိန်ယွင် သူမ သူမလေးကို ရွေးစဉ် အမှားတစ်ခုခုများ လုပ်မိခဲ့သလားလို့ တွေးသွားမိသည်။
သူမရယ်မောပြီးချိန်မှာတော့ နောက်ဆုံး စုယာယာ သူမ ဒီမှာ ရှိနေရခြင်း၏ အဓိကအကြောင်းရင်းကို တွေးမိခဲ့ သည်။ သူမက ကျုံဖိန်ယွင်ကို ကြည့်ပြီး ပြော၏။
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now