Chapter 144 (Uni & Zawgyi)

5.9K 498 9
                                    

Unicode

အခန်း(၁၄၄)အထဲမှာ စပရိုက်ပါတယ် မလွဲသွားစေနဲ့နော်-၁

ချန်ရှုံ့ချီသည် သူမမျက်မှောင်ကြုတ်ထားပုံကို ကြည့်ပြီး ထိုပုံအတိုင်းဆိုရင်တော့ ကြည့်ရတာ မူးရူးသွားပြီး မှတ်ဉာဏ် တွေ ပျောက်ကုန်ပြီထင်တယ်!

"နေရအဆင်မပြေလို့လား?"

ချန်ရှုံ့ချီသည် မျက်ခုံးတစ်ဖက်ပင့်ပြီး မေးသည်။

အသံကို ကြားလိုက်ရတော့ စုယာယာသည် သူရှိရာဘက် သို့ လှည့်လာပြီး ထိုသူ၏မရေမရာမျက်ဝန်းတွေနှင့် ဆုံလိုက်ရ သည်။ သူမကို တစ်ခုခု အရိပ်အမြွက်ပေးချင်နေသလိုမျိုး သူ့မျက်နှာပေါ်မှာ လေးလေးနက်နက်အကြည့်မျိုးနှင့် ဖြစ်၏။

"ကိုယ်မင်းကို ဘာဖြစ်လို့ မပွတ်သပ်ပေးရမှာလဲ?"

ချန်ရှုံ့ချီ၏အပြုံးထဲမှာက ကလက်တက်တက်ညုတုတုဗီဇ တို့ ပါလို့နေ၏။ သူ့လက်က သူမရဲ့ခါးပေါ် ရောက်နေပြီဖြစ်ကာ မကောင်းသည့်ရည်ရွယ်ချက်တွေ ပါနေသည်က အရှင်းသား ပင်။

ကိုယ်မင်းကို ဘာဖြစ်လို့မပွတ်သပ်ပေးရမှာလဲ...

ဒေါင်ခနဲ ဗလုံးဗထွေးအသံတွေနှင့်ပုံရိပ်တွေ အုံလိုက် ကျင်းလိုက် စုယာယာ၏စိတ်ထဲသို့ စီးတင်လာတော့တာပင်။ ပင်လယ်လှိုင်းတွေလိုမျိုး ဝုန်းခနဲစီးဝင်လာသည်မှာ လှိုင်းတွေ တစ်ခုပြီးတစ်ခု။ သူမရဲ့ဉီးနှောက်ကိုရော အသိစိတ်ကိုရော သည်းကြီးမဲကြီး တိုက်ခိုက်လို့နေ၏။

စုယာယာ:"...."

ဘာ..ဘာတွေများ လုပ်ခဲ့မိတာလဲ?

မနေ့ညက လုံးဝကိုမူးသွားခဲ့ပြီး သူမရဲ့စိတ်သည်လည်း အယ်ကိုဟောလ်ကြောင့် ကမောက်ကမတွေ ရှုပ်ထွေးကုန်ကာ အမူးပြေနေတဲ့အချိန်မှာ ဘယ်လိုမှလုပ်ရဲမည်မဟုတ်သော အရာတွေ အကုန်လုပ်ပစ်ခဲ့တယ်။ သို့သော် အကုန်လုံး လုံးလုံး လျားလျား မေ့သွားခဲ့တာမျိုးတော့ မဟုတ်လေဘူး။ အခုချိန်မှာ ချန်ရှုံ့ချီဆီမှ အစခံလိုက်ရပြီးနောက်တော့ သူမရဲ့မျက်နှာသည် ချက်ချင်းဆိုသလိုပင် စတော်ဘယ်ရီသီးလို ရဲတက်လာတော့ ၏။ သူမရဲ့နှလုံးသားထဲမှ ဗလုံစီတက်လာသောရှက်ရွံ့မှုတွေ ကို ခံစားနေရပြီး ချန်ရှုံ့ချီကို ဘယ်လိုမျက်နှာချင်းဆိုင်ရမှန်း တောင် မသိတော့။ ကြောက်လန့်နေသော ယုန်လေး တစ်ကောင်လို စောင်အောက် ခေါင်းဝင်လျှိုပြီး ထွက်လာဖို့ မလိုလားစွာ အထဲမှာပုန်းနေမိသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now