အခန်း(၇၃) သူမမှာ ကံကောင်းမှုတွေ ရှိနေတယ်-၁

5.1K 639 3
                                    

Unicode

အခန်း(၇၃) သူမမှာ ကံကောင်းမှုတွေ ရှိနေတယ်-

ကျုံဖိန်ယွင်သည် ထိုကိစ္စကို လုံးဝမမျှော်လင့်ထားမိဘူး။

သူမ ပိုလို့တောင် မထင်မှတ်ထားသေးသည်က <<စားဖွယ်စုံစုံနှင့်ဧည့်သည်တော်များ>> ဆိုသည့် အသီးတီဗီ စတေရှင်၏ထုတ်လုပ်သူက တကယ်ကြီး ဖုန်းဆက်လာခဲ့ တာကိုပဲ။

ဖုန်းမြည်လာသောအခါ မသိတဲ့နံပါတ်ကြီးဖြစ်နေ၏။ ဒီ ခေတ်မှာ သူတို့ဆီ ဖုန်းနံပါတ်မျိုးစုံခေါ်လာနိုင်တယ်ဆိုတာ က ပုံမှန်ပါပဲ။ ကျုံဖိန်ယွင်သည် သုံးကြိမ်မြောက် မြည်ပြီး နောက် ကောက်ကိုင်လိုက်သည်။

ဟိုဘက်က အရင်ဆုံး သူတို့ကိုယ်သူတို့ မိတ်ဆက်လာ သည်။

"ကျွန်တော်က အသီးတီဗီစတေရှင်မှ << စားဖွယ်စုံစုံနှင့် ဧည့်သည်တော်များ>> အစီအစဉ်ရဲ့ထုတ်လုပ်သူ, စွမ်လိန် ပါ"

ကျုံဖိန်ယွင်က အလျင်စလိုပြောသည်။

"ဟေး ဟေး ဟေး"

ထို့နောက် သူမက စပီကာကိုဖွင့်ပြီး စုယာယာထံ တိုး တိုးလေး ပြောသည်။

"အသီးတီဗီစတေရှင်မှ <<စားဖွယ်စုံစုံနှင့် ဧည့်သည် တော်များ >> အစီအစဉ်ရဲ့ထုတ်လုပ်သူတဲ့"

ထိုအကြောင်းကို ပြောနေစဉ်မှာ စုယာယာသည် သူမရဲ့ ခေါက်ဆွဲကို စားလို့ပြီးသွားကာ တူကိုချလို့ ကျေနပ်ပီတိဖြာ လို့နေသည်။ လက်သုတ်ပဝါတစ်ခုကိုဖြန့်ပြီး ပါးစပ်ကို သုတ် လိုက်သည်။ သူမ << စားဖွယ်စုံစုံနှင့် ဧည့်သည်တော်များ >> အစီအစဉ်ကို ပြန်တွေးကြည့်မိသည်။ ထိုဟာက ကြည့်ရှူ နှုန်း အတော်လေးကောင်းပြီး ပရိုဂရမ်က နာမည်ကြီးလှ သည်။

စွမ်လိန်၏အသံသည် ဖုန်းကိုဖြတ်၍ ရောက်လာခဲ့ပြီး သူက စကားဆိုသည်။

"ခင်ဗျား Weiboပေါ်တင်လိုက်တဲ့ စုယာယာရဲ့ပုံကို ကျွန်တော်ကြည့်ရပါတယ် ခင်ဗျားက စုယာယာရဲ့မန်နေဂျာ ဖြစ်သူမလားဗျ? စုယာယာက ကျွန်တော်တို့အစီအစဉ်ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတယ်လို့ ကျွန်တော်ထင်လို့ သူမကို ဧည့်သည့်အနေနဲ့ အစီအစဉ်မှာ ဖိတ်ကြားချင်လို့ပါ"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now