အခန်း(၆၂)တစ်ကမ္ဘာတည်းမှ မဟုတ်-၂

5.6K 722 4
                                    

Unicode

မနေ့က ကြာသပတေးကို မေ့သွားလို့😁

အခန်း(၆၂)တစ်ကမ္ဘာတည်းမှ မဟုတ်-

ရုတ်တရက် သူတို့ငယ်စဉ်က သူမလေးဟာ ဘယ် လောက်တောင် လိမ္မာပြီး ချစ်စရာကောင်းခဲ့သလဲဆိုတာကို သူ ပြန်သတိရမိသွားသည်။ နေ့တိုင်း သူ့ကို ယန်ကောလို့ လိုက်လိုက်ခေါ်နေတတ်တဲ့ သူ့ရဲ့အမြီးလေးလိုပဲ။ ထိုအသံကို ကြားတိုင်း သူ့နှလုံးသားလေးမှာ နူးညံ့သွားရတတ်သည်။

"ယန်ကော, ကျောင်းသွားဖို့ အချိန်ရောက်ပြီ"

"ယန်ကော, ကောက အပြေးအရမ်းတော်တာပဲ!"

"ယန်ကော, ကော ပထမရတယ်!"

......

အခုများတော့ ထိုချစ်စရာကောင်းပြီး လိမ္မာတဲ့ကလေးမ လေးက ကြီးပြင်းလာခဲ့ပြီ။ သူမလေးက လှပပြီး နှစ်လိုဖွယ် ကောင်းသော မိန်းမပျိုလေးတစ်ဉီး ဖြစ်လာခဲ့ပြီ။ သူမဟာ သူ့ကို 'ယန်ကော'လို့ ခေါ်ပြီး သူ့နောက် လိုက်နေတာမျိုး မလုပ်တော့ဘူး။ သူမလေးက အရင်ကနဲ့ မတူတော့ဘူး။

"ကိုယ် လုပ်သင့်တဲ့အရာတစ်ခုပါပဲ"

ယန်ကျွင်ရိက တည်ငြိမ်စွာနှင့် ဆိုလာခဲ့သည်။

စုယာယာက ပြုံးပြီး ပြောသည်။

"ဘယ်လိုနေနေ ယာယာ ကောကို ကျေးဇူးတင်ရမှာပါ"

သူသာ သူမအတွက် ရှင်းလင်းမပေးခဲ့ရင် ဒါမှမဟုတ် ထုတ်ဖော်ပြောဆိုမပေးခဲ့ရင် သူ၏ သန်း ၃၀ နီးပါး ရှိသော ဖန်တွေက သူမကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်စေပြီး အရှင် လတ်လတ် အရေခွံခွာပစ်ကြလိမ့်မယ်။

ယန်ကျွင်ရိသည် အနည်းငယ် ပြုံးလိုက်သော်ငြား ထိုအရာသည် အတင်းအကျပ် အားထုတ်ခံရခြင်းကြောင့် သာ။ သူ တကယ့်ကို ပျော်မနေပါ။ ထို့အစား သူမကို ကြည့် နေစဉ် သူ့နှလုံးသားလေးက တဆစ်ဆစ် နာကျင်လာရတော့ သည်။

"ယာယာ, မင်း ကိုးနှစ်တုန်းကလေ... ဒူးခေါင်းကို ခြစ်မိ ပြီး သွေးတွေ အများကြီး ထွက်ခဲ့တာကို မှတ်မိလား? မင်း မဖြစ်စဖူး အရမ်းကြောက်နေခဲ့တာ... ငိုနေရင်းနဲ့ ဆရာဝန် ဆီ ခေါ်သွားပေးဖို့ ငါ့ကို ပြောခဲ့တာလေ... ကောက မင်းကို ဆေးပေးခန်းဆီ ခေါ်သွားပေးပြီး ဆရာဝန်က မင်းရဲ့ဒဏ်ရာ ကို ဆေးထည့်ပေးခဲ့တယ်.. အဲ့နောက် ခဏကြာတော့ သွေး ထွက်တာ ရပ်သွားပေမယ့် အနာဒဏ်ကြောင့် မင်း သေလု အောင် ငိုခဲ့တာ... အဲ့တုန်းက ကော ပြောခဲ့တယ်လေ.. နောက်ကျရင် မင်းကိုယ်မင်း ဂရုစိုက်ပြီး ကာကွယ်ဖို့ နောက် ပြီး မင်းကိုယ်မင်း ထိခိုက်စေခွင့်မပြုဖို့..မဟုတ်ရင် မင်း ဒဏ်ရာရတဲ့အခါ မင်းကို ချစ်တဲ့သူတွေလည်း နာကျင်ခံစား ရမယ်လို့လေ"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now