အခန်း(၄၅) အိမ်မှာ ခြင်္သေ့မရှိသောအခါ
လောင်တန်သည် သူမစကားလုံးတွေ နောက်ကွယ်မှာ ဖုံးကွယ်နေသည့် အဓိပ္ပာယ်ကို နားလည်သည်။ သူမက မလို ချင်တာ မဟုတ်.. သူမက ပို၍သတိထားချင်တာ ။ သူမလေး က တကယ်စိတ်ချရသည်ဆိုတာကို အာမခံနိုင်ဖို့ အနည်း ငယ် ပို၍ သေချာစေရန် စမ်းသပ်ချင်တာပင်။ တစ်စုံတစ် ယောက်ကို တပည့်အနေနဲ့ လက်ခံဖို့ဆိုတာက ရိုးရှင်းသော ကိစ္စမဟုတ်။ ဒါ့ကြောင့် သတိပိုထားတာက ပိုကောင်း၏။
ကားသည် ယာဉ်ကြောပိတ်ဆို့မှုကြောင့် တရွေ့ရွေ့သွား နေရစဉ် လောင်တန်က စွမ်ချင်ကို မေးသည်။
"ဆရာမစွမ်ဗျ.. ကျွန်တော်တို့ အခု ဘယ်သွားကြမှာ လဲ?"
ဒီတစ်ခေါက် စွမ်ချင် မြို့တော်ကို ပြန်လာခဲ့တာက ကျင်းတူရုပ်ရှင်ပွဲတော်ရဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက် ရောက်ရန် ဖိတ်ကြားခံရခြင်းကြောင့်သာ။ ကျင်းတူ ရုပ်ရှင် ပွဲတော်သည် သဘက်ခါ ည ၈ နာရီမှ ဖြစ်သည်။ သူမမှာ အခြားသူမ ကိုင်တွယ်စရာ ကိစ္စတွေ ရှိနေသည့်အတွက် ၂ ရက်ကြိုပြီး လာခဲ့ခြင်းဖြစ်သည်။ စွမ်ချင်သည် ရင်းနှီးသော် လည်း စိမ်းသက်နေသော လမ်းမတွေကို ကြည့်နေရင်း ထို အကြောင်းကို တွေးနေမိသည်။
"ဒီလမ်းကနေ ချန်မိသားစုအိမ်တော်ဆီကို သွားလို့ရ လား?"
လောင်တန်သည် အနည်းငယ်ကြောင်အမိသွား၏။ သူ စွမ်ချင်အတွက် နှစ်ပေါင်းများစွာ ကားမောင်းပေးလာခဲ့တာ.. ဒါ့ကြောင့် သူ စွမ်ချင်အကြောင်း တော်တော်များများ သိ ထား၏။ သူမက ချန်မိသားစုအကြောင်း‌ မေးလာတယ်ဆိုမှ တော့ သူမ ကိစ္စတွေကို ပစ်မထားနိုင်တော့တာကြောင့်ပဲ ဖြစ်မယ်။
သူသည် ခပ်မြန်မြန် ပြန်ဖြေသည်။
"ရှေ့တည့်တည် မီတာရာကျော်လောက်ပဲ မောင်းဖို့လို ပြီး.. လမ်းခွဲရောက်ရင် ညာကွေ့ပြီးရင် ချန်မိသားစုအိမ်တော် ရောက်ဖို့ မိနစ် ၂၀ လောက်သာ မောင်းရမှာပါ"
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now