အခန်း(၅) ပလက်တီနမ်ကဒ်-၂/အခန္း(၅) ပလက္တီနမ္ကဒ္-၂

11.2K 1.2K 86
                                    

Unicode

အခန်း(၅) ပလက်တီနမ်ကဒ်-၂

ချန်ရှုံချီက တိုက်ရိုက်ပဲ ပြောလိုက်တော့တယ်။

"ယူထား...ပြီးရင် မင်းကြိုက်သလောက်သုံး.."

Hahaha....သူမ သေလောက်အောင် ပျော်နေတယ်။ သူမက ပျော်လွန်းလို့ ရူးတောင်သွားတော့မလားပင်။

စုယာယာက သူမရဲ့လှပတဲ့မျက်နှာလေးပေါ်မှာ
ရွှန်းလက်နေတဲ့အပြုံးလေးနဲ့အတူ ကဒ်ကို အစစ်အမှန် လက်နှစ်ဖက်နဲ့ ယူတယ်။ပြီးတော့ သူမရဲ့ ချိုမြိန်ပြီးချစ်စဖွယ် ကောင်းသောအသံလေးနဲ့ ပြောလိုက်သေးတယ်။

"ကျေးဇူးနော်..လောင်ကုန်း, ...မွ..."

ဒီကိုယ်ရဲ့ မူလပိုင်ရှင်က ချန်ရှုံချီနဲ့ လက်ထပ်ထားခဲ့တယ်ဆိုသော်လည်း သူမနဲ့ ချန်ရှုံချီက ဒီတိုင်း သူစိမ်းသာသာပဲလေ။

စုယာယာက ဘယ်လိုအခြေအနေမျိုးမှာမဆို လိုက်လျောညီထွေစွာ နေနိုင်တဲ့သူမရဲ့ စွမ်းရည်ကို တကယ်ကို လေးစားသွားတယ်။ သူမက အမှန်ဆို ခုလေးတင်မှ ဝိညာဉ်ကူးပြောင်းလာခဲ့ပြီး ချန်ရှုံချီနဲ့ အပြန်အလှန်တုံ့ပြန်နိုင်တာ ဆယ်မိနစ်သာသာပဲ ရှိသေးဦးမယ်။

သေချာတာပေါ့...မနေ့ညက ဖြစ်ပွားခဲ့တဲ့ နက်ရှိုင်းသောရုပ်ပိုင်းဆိုင်ရာဆက်နွယ်တုံ့ပြန်မှု ကိုတော့ ထည့်မတွက်ရဘူးလေ။ အဲအချိန်တုန်းက သူမက သတိလစ်နေခဲ့ပြီး သူမကိုယ်တိုင်လည်း အဲဒါကို မကြုံခဲ့ရဘူးလေ။ ဒါ့ကြောင့် ဒီအချိန်လေးအတွင်းမှာ သူမက အေးဆေးတည်ငြိမ်စွာ ချန်ရှုံချီကို သူမရဲ့ယောက်ျားလို့ အမည်တပ်ပြီး သူ့ကို နမ်းလိုက်နိုင်ခဲ့တယ်ဆိုတဲ့အချက်က အတော်လေး အထင်ကြီးစရာကောင်းတယ်။

ချန်ရှုံချီကို ဒီလို ချောမော, ချမ်းသာပြီး ရက်ရောရမယ်လို့ ဘယ်သူကများ ခိုင်းခဲ့သလဲ။

သူမ သူ့ကို သေလောက်အောင် ချစ်သွားပြီ။

ပိုက်ဆံ၏လွှမ်းခြုံဖျားယောင်းမှုနဲ့ ရင်ဆိုင်ရလို့ကတော့ သူမ ကိုယ်ကျင့်တရားနဲ့ သံသယတွေ အားလုံးကို စွန့်လွှတ်နိုင်တယ်။ ဒါတွေက ဆင်းရဲသားတွေအတွက် မဖြစ်တည်ဘူး။
ဆင်းရဲမွဲတေနေတဲ့သူတစ်ယောက်အတွက် အထက်စီးဆန်ပြီး အလျှော့မပေးလိုတဲ့စရိုက်က ဘာအသုံးဝင်မှာလဲ။ သူတို့ထဲက အချို့တွေကဆို အသက်ရှင်ဖို့ရာလေးကိုပင် မကြာခဏ အသည်းအသန် ရုန်းကန်လှုပ်ရှားနေကြရတယ်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now