အခန်း(၆၅) ကလေးလိုပဲ-၁

5.7K 703 6
                                    

Unicode

{အဲဲ..ဒီတစ်ပတ်က ကြာသပတေးရောက်ဖို့ ကြာလိုက်တာဆိုပြီး ပြက္ကဒိန်ကြည့်လိုက်မိလို့သာပဲ..  မဟုတ်ရင် မေ့ပြီး တင်ဖြစ်မှာ မဟုတ်ဘူး😁}

အခန်း(၆၅) ကလေးလိုပဲ-၁

အရင်တုန်းကတော့ သူက ခပ်မိုက်မိုက်နေရတာ ကြိုက် တယ်လို့ သူမ ထင်ခဲ့တာ။ အခုတော့ ကလေးဆန်တဲ့သူတစ် ယောက်လို သူ့ကို သိခဲ့ရပြီ။ သူက ကလေးသေးသေးလေး လိုပဲ!

"အဲဒါဆို ယာယာလည်း ချိုတာလေး စားချင်တယ်!"

စုယာယာသည် သူ့လို လိုက်ပြောပြီး မော့ကြည့်၏။ သူမက သူဖြစ်စေချင်တာ ဘာမဆို လုပ်ပေးမယ်လို့ ပြောဖို့ ကြိုးစားနေရင်း သူမ၏မျက်ဝန်းတောက်တောက်တို့က သူ့ ထံ တဖျက်ဖျက် ခတ်ပြနေ၏။

သူ သူမလေးကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့။

ချန်ရှုံချီက သူမ၏ဆံပင်ကို ပွတ်ပေးပြီး အလိုလိုက် သော အကြည့်တို့နှင့် သူမလေးကို ကြည့်ကာ

"ကောင်းပြီ"

ဟီးဟီး... စုယာယာ ထပ်ပြီး ပျော်သွားသည်။ သူမ အခု ဆိုရင် ချန်ရှုံချီရဲ့ စိတ်အနေကို နားလည်လာပြီလို့ ထင်သည်။ သူမ သူ့ကို ချော့မြူဖို့ ပီပြင်သော သရုပ်ဆောင်စကေးလ်တွေ နဲ့ လုံ့လစိုက်ထုတ်ကြိုးစားနေသရွေ့ သူ့ကို လွယ်လင့်တကူ ပဲ ချွေးသိပ်လို့ရလိမ့်မည်။ သိပ်လည်း မခက်ခဲပါဘူးလေ။

ချန်ရှုံချီသည် အရူးလေးလို ရယ်နေတဲ့ စုယာယာကို ကြည့်နေသည်။ သူမက ဘာလို့ ဒီလောက် ရယ်ရတာကို ကြိုက်နေရတာလဲ? ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး အစား အသောက်မှာဖို့ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်တော့သည်။

ညစာ ရောက်ရှိလာချိန်မှာတော့ တစ်နာရီနီးပါးလောက် စောင့်ခဲ့ရသည်။ စုယာယာနှင့် ချန်ရှုံချီတို့ စားသောက်ပြီး သည်နှင့် နှစ်ဉီးသား ခဏလောက် ဆိုဖာပေါ်ထိုင်ပြီး ဖျော်ဖြေရေးပရိုဂရမ်တစ်ခုကို ကြည့်ခဲ့ကြသည်။ ထို့နောက် ဆေးကြော အိပ်စက်ဖို့ရာ အခန်းဆီ ပြန်လာခဲ့ကြသည်။

နောက်တစ်နေ့ နံနက်ခင်း, စုယာယာ အိပ်ပျော်နေဆဲ တွင် ချန်ရှုံချီသည် သူမကို အိပ်ယာထဲမှ ဆွဲထုတ်ခဲ့သည်။ သူက စုယာယာ၏ အိပ်ချင်မူးတူး မျက်နှာလေးကို မြှိပြီး သူမကို ချော့မြူသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now