အခန်း(၇၂)ကြက်ဥခရမ်းချဉ်သီးခေါက်ဆွဲပြုတ်-၂

5K 706 40
                                    

Unicode

အခန်း()ကြက်ဥခရမ်းချဉ်သီးခေါက်ဆွဲပြုတ်-

"တောင်းပန်ပါတယ်..ညီမဖုန်းက အားကုန်သွားတာ"

စုယာယာသည် ကျုံဖိန်ယွင်ကို နောက်ကွယ်က တကယ့်အကြောင်းရင်းအား မပြောရဲပေ။ သူမက မရေမရာ ရှင်းပြပြီး ထိုဟာကို ကျော်သွားဖို့လုပ်သည်။

ကျုံဖိန်ယွင် သူမကိုကြည့်ပြီး သက်ပြင်းချချင်သွား သည်။ အဆက်အသွယ်မရတုန်းကဆို သူမ ထပ်ပြီး အလုပ် ထွက်ချင်သွားခဲ့တယ်။

"နင် makeup photo ရိုက်ရမှာရော သိရဲ့လား?"

ကျုံဖိန်ယွင်က သူမကို သတိပေးသည်။

စုယာယာ ကြောင်အသွား၏။ မထုတ်ပြပေမယ့် သူမက တကယ်ကြီး မသိခဲ့ဘူး။

ကျုံဖိန်ယွင်က သူမရဲ့အမူအရာကို မြင်သည်နှင့် ထို သူမလေးက မသိသေးဘူးဆိုတာ သူမသိလိုက်သည်။ သူမ က စုယာယာအား တည်နေရာနှင့်အချိန်ကို ပြောပြသည်။

"အိုကေ ညီမ မှတ်ထားလိုက်ပါ့မယ်"

စုယာယာက ပြော၏။

ကျုံဖိန်ယွင်က ဆက်ပြောသည်။

"နောက်နှစ်ရက်နေရင် နင် castစဝင်ပြီး နင့်အခန်းတွေ ကို စရိုက်ရတော့မယ်.. S မြို့မှာ လအနည်းငယ်နေရမှာ.. နောက်ပြီး ငါကလည်း နင့်နောက် နေ့တိုင်းမလိုက်နိုင်ဘူး.. ကုမ္ပဏီက နင့်အတွက် လက်ထောက်တစ်ယောက်စီစဉ်ပေး ထားတယ်.. သူတို့ မနက်ဖြန်လာလိမ့်မယ်.. လက်ထောက် ကို ကုမ္ပဏီက လစာပေးမှာ..ဒါက သူဌေးက ပြောခိုင်းလိုက် တာ"

သူမက သူဌေးဆီကဖြစ်ကြောင်း အထူးတလည် အသားပေးပြောလိုက်သည်။ သူမက ချန်ရှုံချီ၏မျက်နှာကို ထည့်သွင်းစဉ်းစားလို့သာ။ သူသာ သူမကို ထောက်ပံမပေး ခဲ့ရင် ဒီလိုအကြီးစားတီဗီဇာတ်လမ်းတွဲရဲ့ ဒုတိယအမျိုးသမီး ဇာတ်လိုက်နေရာကို စုယာယာ ဘယ်လိုလုပ်ရနိုင်ပါ့မလဲ? မဟုတ်ရင် ကုမ္ပဏီက သူမအတွက် လက်ထောက်တစ် ယောက် စီစဉ်ပေးမည်မဟုတ်။

စုယာယာက ခေါင်းညိတ်ပြီးပြောသည်။

"ဟုတ် သိပါပြီ.. ကျေးဇူးပါ ကျုံကျဲကျဲ"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now