Chapter 119+120(Uni & Zawgyi)

4.5K 535 35
                                    

Unicode

အခန်း(၁၁၉)အမှန်တရားကို သဘောပေါက်သွားပြီးနောက် နိုင်ငံသားတွေအကုန် ကြောင်အမ်းကုန်တယ်-

ငါ ထပ်မဆော့ချင်တော့ဘူး.. အိမ်ပဲပြန်ချင်တော့တယ်!

ဩဇာသက်ရောက်မှုရှိတဲ့ သရုပ်ဆောင်တစ်ယောက်က ဒါကို Weiboပေါ် တင်လိုက်သောအခါ များစွာသော အကြီးစားမားကတ်တင်းကုမ္ပဏီတွေက ပြန်တင်ကြတော့ သည်။ သူတို့အားလုံးက ထိုအမျိုးသားက ဘယ်သူလဲဆိုတာ ကို သိနေကြသလိုပြုမူနေကြ၏။ သို့သော် ထုတ်ဖော်ပြောပြ ခြင်းတော့မရှိ။ သူတို့ ထုတ်ပြောဖို့ရာ ကြောက်လှပါတယ်။

သို့သော်လည်း နိုင်ငံသားတွေကတော့ ဘာကိုမှ မကြောက်ရွံကြချေ။ တစ်ချို့ဆိုလျှင် သေခြင်းတရားကို တောင်မှပေါ့။ VIPတွေက ဖုံးဟယ်ဖိဟယ် လုပ်လေလေ ဓာတ်ပုံထဲက အမျိုးသား၏ IDအစစ်အမှန်ကို တူးဖော်ဖို့ ဆုံးဖြတ်ထားသည့် နိုင်ငံသားတွေက ပို၍သိချင်လာလေလေ ပင်!

သေရမှာမကြောက်သည့်နိုင်ငံသားတစ်ဉီးက VIPတွေ၏ Weiboရဲ့ ကောမန့်တွေထဲမှာ မေးထားခဲ့သည်။

"ငါကတော့ ဘယ်သူလဲဆိုတာ ခန့်မှန်းမိနေပြီးပြီ.. ချန်ကုမ္ပဏီရဲ့ဥက္ကဌ ချန်ရှုံ့ချီမလား?"

သူတို့ထဲက တစ်ယောက်က ပြန်ပြောထား၏: ရှူး.. ပုံတွေ အကြောင်း မပြောနဲ့လေ..

ဒီပြန်စာသည် နိုင်ငံသားတွေ၏ထင်ကြေးပေးမှုကို confirm မလုပ်ထားသော်လည်း confirmလုပ်လိုက်သလိုပါ ပဲ။ငတိလေးnetizen(နိုင်ငံသား)တစ်ဉီးက အဲဒါကို ချက်ချင်း screenshotရိုက်ကာ နေရာတိုင်း လိုက်ဖြန်တော့သည်။

ဝိညာဉ်တွေသာ ငါကြုံတွေခဲ့ရတဲ့ကိစ္စကို သိလိမ့်မယ်: အမှန်တရားက မြင်နေရသလိုမျိုး မရိုးရှင်းဘူးဆိုတာကို ငါ သိနေတယ်.. ဆိုတော့ကာ တကယ်ကြီး ချန်ကုမ္ပဏီရဲ့ဥက္ကဌ ချန်ရှုံ့ချီပေါ့.. သူ့လို အင်အားရှိတဲ့လူတစ်ယောက်ကသာလျှင် မြေတောင်မြှောက်ချင်တဲ့သူကို မြောက်ဖို့ ထိုးချချင်တဲ့သူကို ထိုးချဖို့ လုပ်နိုင်စွမ်းရှိမှာ!"

အနောက်ဘက်လေအလှလေး: အပေါ်ထပ် မှန်တယ်.. ဒါပေမယ့် အဲ့အသံက ဘာဖြစ်လို့အရမ်း ဗိုလ်ကျတဲ့ပုံဖြစ်နေရ တာလဲ? ငါသာ သူ့ဆီကနေ မြေတောင်မြှောက်ခံရမယ်ဆိုရင် ပျော်နေမှာပဲ!

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now