Chapter 110 (Uni & Zawgyi )

3.9K 463 9
                                    

Unicode


အခန်း(၁၁၀)ဘာမှမဖြစ်ရင် လူတွေရဲ့အာရုံကို ဘယ်လို ဆွဲ ဆောင်မလဲ?-

ချန်ရှုံ့ချီ ထွက်သွားခဲ့သည့် ရက်အနည်းငယ်အတွင်း စုယာယာမှာ အချိန်ကောင်းတစ်ချို့ရှိခဲ့သည်။ ပထမနေ့မှာ ရှော့ပင်ထွက်ပြီး ဒုတိယနေ့မှာတော့ သွမ့်ရှောင်ယွီနှင့် ကျုံ ဖိန်ယွင်တို့ကို သူမအိမ်အလည်ခေါ်ပြီး ဟော့ပေါ့လုပ်စားကြ သည်။ တတိယနေ့မှာ အိမ်မှာပဲ တစ်နေကုန်ဂိမ်းဆော့ခဲ့ သည်။ စတုတ္ထနေ့မှာတော့ အနီးနားရှိ အလှပြင်ဆိုင်တစ်ခု မှာ full-body spa လုပ်ခဲ့တယ်။ သူမ လိုချင်တဲ့ လွတ်လပ် ပြီးပျော်ရွှင်တဲ့ဘဝတစ်ခုအတိုင်း သူမ နေခဲ့သည်။

သို့သော်လည်း သေချာပေါက် ဒီအချိန်တွင်းမှာတော့ ချန်ရှုံချီကို မက်ဆေ့ချ်ပို့ဖို့ ဖုန်းဆက်ဖို့မမေ့ခဲ့ဘူးပေါ့။ တစ်ခါ တစ်လေ ညဘက် အချိန်ရတဲ့အခါ သူတို့နှစ်ယောက် ခဏ လောက် ဗီဒီယိုကောလ် ပြောကြသည်။

"လောင်ကုန်း, ယာယာ ဒီနေ့ full-body spa သွား လုပ်ခဲ့တယ်.. ယာယာ အသားအရေကလေ ဖဲသားလေးလိုပဲ နူးညံ့အိစက်နေတာပဲ.. အရမ်းကိုင်လို့ကောင်းတယ်!"

စုယာယာသည် အရောင်ဖျော့ဖျော့ပိုးသားညအိပ်ဝတ်စုံ ကို ဝတ်ဆင်ထားပြီး ချန်ရှုံ့ချီနှင့် အိပ်ယာပေါ်မှာ ဗီဒီယိုကောလ်ပြောနေခြင်းဖြစ်သည်။ သူမ ဒီနေ့ဘာလုပ်ခဲ့ သလဲဆိုတာကို ချန်ရှုံ့ချီအား ပျော်ပျော်ကြီးပြောပြနေပြီး ဒီနေ့ spa serviceအကြောင်းကို ပြန်တွေးနေသည်။ မန်နေ ဂျာက သူမအတွက် အထူးတလည်စီစဉ်ပေးခဲ့တဲ့ ဒီနေ့ spa serviceအကြောင်းကို ပြန်တွေးနေ၏။

ဗီဒီယိုထဲမှာတော့ ချန်ရှုံချီ၏အကြည့်တို့က မှောင်မိုက် လို့လာသည်။ သူ မသိမသာ အောက်ဘက်ဆီ ကြည့်လိုက်မိ ပြီး သူမရဲ့ရင်ဘတ်နားလေးအရောက်မှာ ရပ်တန့်လိုက်ရလေ သည်။ အဲ့အောက်ကိုတော့ သူမမြင်ရတော့။ သို့သော် ညှပ်ရိုး နေရာရှိ မြင်နေရသော ချောမွတ်ပြီး တောက်ပနေသည့် အသားအရေကို မြင်နေရသည်လေ။ နွားနို့လေးလို ဖြူဖွေး ပြီးနုဖက်နေသည်။ သူ့ကို ဆွဲဆောင်နေသည်အလား။ သူမ လေးကို ခုန်အုပ်လိုက်ပြီး တစ်ကိုက်လောက် ကိုက်ချင်ရုံမှ တစ်ပါး ဘာကိုမှမလိုချင်တော့အောင် သူ့အား သွေးဆောင် နေသည်အလား။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now