Chatpter 78+79

5.6K 725 20
                                    

Unicode

အခန်း(၇၈)ချန်ရှုံချီပြန်လာပြီ-

ချန်ယန်သည် လက်ထောက်၅ ယောက်နှင့် ရောက်လာ ပြီး သူတို့တွေက လက်ဆွဲအိတ်ပေါင်းများစွာကို သယ်လာ ကြ၏။ သူမသည် ဒါရိုက်တာကျုံတုန်ကွမ်ထံ လျှောက်သွား ပြီး နှုတ်ဆက်သည်။

"ဒါရိုက်တာကျုံ, မတွေ့ရတာကြာပြီရှင့်"

"မတွေ့ရတာကြာပြီပေါ့"

ချန်ယန်အပေါ် ဒါရိုက်တာကျုံတုန်ကွမ်၏သဘောထား က ခုနကထက် အများကြီးပို စိတ်အားထက်သန်လေသည်။ သူက ပြုံးပြကာ ချီးကျူးစကားဆိုသည်။

"သမီးကတော့ ပိုပိုလှလာတာပဲ"

အမျိုးသမီးတိုင်းက လှချင်ကြတာပဲလေ။ အထူးသဖြင့် အနုပညာလောကထဲက အမျိုးသမီးတွေ။ ချန်ယန်က ပြုံး ရင်း ဆိုသည်။

"နားထောင်လို့ကောင်းလိုက်တာ"

လွန့်ခဲ့သောလေးနှစ်ကျော်က ချန်ယန် ပွဲဉီးထွက်ပြီး နောက် ပထမဆုံးပါဝင်ခဲ့သောဒရာမာက ဒါရိုက်တာကျုံ တုန်ကွမ်နှင့်အတူတူဖြစ်သည်။ သူသည် သူမရဲ့လက်ဉီးဆရာ ပင်။ ထိုနည်းတူစွာ သူတို့နှစ်ဉီးက အခြားသူတွေထက် ပို ရင်းနှီး၏။

ချန်ယန်သည် ဒါရိုက်တာကျုံနှင့် စကားပြောပြီးနောက် သူမက ဘေးမှာရှိနေသည့် ယွီဟွေ့ကို နှုတ်ဆက်သည်။

"မင်္ဂလာပါ ပရိုဂျူဆာယွီ"

"မင်္ဂလာပါ.. အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် အတွက် ပန်းပေါင်းတစ်ထောင်ဆုကိုရခဲ့တဲ့ မင်းသမီးကို ဂုဏ်ပြုစကားမပြောရသေးဘူး"

ချန်ယန်သည် သူမရဲ့ခေါင်းလေးကို တစ်ဖက်စောင်းကာ မျက်တောင်တဖျက်ဖျက်ခတ်သည်။ သူမသည် သွားပေါ် အောင် ပြုံးကာ

"ဆရာက ကျွန်မကို လူတိုင်းအတွက် ထမင်းဖိတ်ကျွေး စေချင်တာလား?"

ယွီဟွေ့သည် ခပ်ဟဟရယ်လိုက်၏။

"မင်းသမီး ဘာပြောမလဲ?"

ချန်ယန်သည် အလွန်တည့်တိုးဆန်ကာ ချက်ချင်းပဲ ပြန် ပြောသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now