အခန်း(၁၇)အရသာရှိသော-၃/အခန္း(၁၇)အရသာရွိေသာ-၃

9.7K 1K 12
                                    

အခန်း(၁၇) အရသာရှိသော -၃

စုယာယာ သူမရဲ့ စိတ်ကူးအိမ်မက်ထဲမှ ငေါက်ခနဲ အသိဝင်လာချိန်မှာတော့ ချန်ရှုံချီက သူမရဲ့ဘေးမှာ ထိုင်နေ ခဲ့ပြီ။တကယ်တော့ အရမ်းကို နီးနီးကပ်ကပ် ထိုင်နေခဲ့တာ။ သူ့ရဲ့ခြေထောက်တွေက သူမရဲ့ခြေထောက်တွေကို ထိနေ ခဲ့ပြီး လက်တွေကလည်း အဲလိုပဲ။ တအားထိကပ်လွန်းနေ တယ်။ တစ်ခုပေါ်တစ်ခု ထပ်လုနီးနီးပဲ။

သူတို့တွေ အရမ်းထိကပ်လွန်းနေတယ်လို့ တွေးမိကာ စုယာယာ နည်းနည်းလေး မသက်မသာခံစားရ၏။ သူမက ဘေးဘက်ကို နည်းနည်းလေးရွေ့လိုခဲ့သည်။ သို့သော် နောက်စက္ကန့်မှာပဲ ချန်ရှုံချီက သူမရဲ့လှုပ်ရှားမှုကို သတိပြုမိ ကာ သူမရဲ့ပခုံးတစ်ဝိုက်ဆီ သူ့လက်က ရောက်ရှိလာ တော့သည်။ သူက သူမထံ နက်နက်နဲနဲ ပြင်းပြင်းပြပြကို စိုက်ကြည့်နေသည်။

"ဘယ်ကို သွားဖို့လုပ်နေတာလဲ?" ချန်ရှုံချီ မေး၏။

သူမ သူ့ရဲ့စစ်မေး စစ်ကြောသည့်အကြည့်နှင့် ဆုံချိန် မှာတော့ သူမရဲ့အားနည်းလှသည့် နှလုံးသားလေးမှာ တဟုန်ထိုး ခုန်ပေါက်လာတော့သည်။

နောက်ဆုံးတော့ သူမမှာ ခုလောလောဆယ် ချန်ရှုံချီကို စိတ်ကျေနပ်စေနေရမယ်လေ။ သူ့အပေါ်မှာ သူမနဲ့ပတ်သတ် လို့ အမြင်ကောင်းတစ်ခုကို ချန်ထားနိုင်ဖို့ပေါ့။ ဒီနည်းနဲ့မှ သာလျှင် နောက်တစ်ချိန် သူတို့ကွာရှင်းတဲ့အချိန်မှာ ဆိုးဆိုး ရွားရွား အဆုံးမသတ်မှာမလား။ ဒါ့ကြောင့် သူ သူမကို မလုပ်စေချင်တဲ့အရာတွေ ပြီးတော့ သူကို မပျော်မရွင်ဖြစ် စေမယ့် အရာမျိုးတွေကို သူမ မလုပ်တာက ပိုကောင်းမယ်။

ထိုကိစ္စရပ်ကို ဖြည့်စီးလုပ်ဆောင်ဖို့ သူမရဲ့ဆုံးဖြတ်ချက် ကို သူမ စွန့်လွှတ်ပြီး နာခံစွာ ထိုနေရာမှာပင် ထိုင်နေလိုက် တော့သည်။ ကြောင်ပေါက်လေးတစ်ကောင်လို သူ့ လက်မောင်းကို မှီတွဲကပ်တွယ်နေရင်းပေါ့။

တစ်ဖက်မှာတော့ ချန်ရှုံချီက ဗနီလာကိတ်ကို လက် လှမ်းယူလိုက်ပြီး စုယာယာရှေ့မှာ ချပေးသည်။ သူက မေး ကို မသိမသာလေး မြှင့်ပြပြီး ခွံကျွေးဖို့ သူမကို အမူအရာ ပြ ၏။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now