Chapter 103+104(Uni)

4.5K 491 0
                                    

လှူချင်အောင် လာမြူဆွယ်တာပါဗျို့

၂ပိုင်းဆိုတော့ သိတယ်မလား..

အခန်း(၁၀၃) လက်ဆောင်တွေ မပေးနဲ့.. ပိုက်ဆံပဲပေး!-၁

ကျောင်ကွေ့ဖောင်သည် ဆေးညွန်းကို ရေးပေးပြီး နောက် ဆေးသွားထုတ်ဖို့ရာ ချန်ရှုံချီထံ ပေးလိုက်သည်။ သူ ဆေးတွေ ရလာခဲ့ပြီးနောက် ဆေးရုံက ကြိုပေးသည်။ ပြီး သွားသည်နှင့် အသုံးပြုရ လွယ်ကူအဆင်ပြေစေဖို့အတွက် အိတ်တွေနှင့်ခွဲထည့်ပေးသည်။ တစ်ကြိမ်ကို တစ်ထုပ်နှုန်း နှင့်သူ့ဇနီးလေး လွယ်လင့်တကူ သောက်လို့ရပြီလေ။ ရေနွေး ထဲမှာ ခဏလောက်အပူပေးပြီးနောက် အဆင်သင့်သောက် ရုံသာ။

စောစောက ပြင်ဆင်ထုတ်ပိုးလို့ပြီးခဲ့ပြီဖြစ်သော ဆေး တွေကို ချန်ရှုံချီပြန်ယူလာခဲ့ပြီးနောက် ရုံးခန်းထဲမှာ ကျောင် ကွေ့ဖောင်တစ်ယောက်တည်းကိုသာ တွေ့ရသည်။ သူက သူမ ကို မေး၏။

"တီလေး.. ယာယာရော?"

ကျောင်ကွေ့ဖောင်က စာရွက်စာတမ်းတွေကို ကြည့် နေရင်းမှ မော့ကြည့်လာပြီး ပြောသည်။

"သန့်စင်ခန်းသွားတယ်"

ချန်ရှုံချီသည် ဆေးတွေကိုအောက်ချပြီး တစ်ဖက်ရှိ ထိုင်ခုံမှာထိုင်ကာ သူမ ပြန်အလာကို စောင့်နေခဲ့သည်။

ရုတ်တရက် အခန်းထဲ ကျောင်ကွေ့ဖောင်၏အသံက ပဲ့တင်ထပ်လာခဲ့၏။

"မင်းတို့ဆက်ဆံရေးက တိုးတက်လာပြီလို့ တီတီထင် တယ်.. မင်း သူ့ကို ပထမဆုံးအိမ်ခေါ်လာတာကို မြင်တုန်းက ဒီတိုင်းလက်ထပ်ရုံလက်ထပ်ထားတဲ့ပုံနဲ့.. ခုလောက်ထိ မနီး ကပ်ခဲ့ကြဘူး.. တီတီ မင်းတို့နှစ်ယောက်ကို ဒီလိုမျိုးတွေ့ လိုက်ရတော့ တန်းခံစားလို့ရတယ်... မင်းကို အရင်တုန်းက လိုမျိုး ငယ်သေးတယ်လို့ပဲထင်နေမိတာ.. ခုလို လက်ထပ်ပြီး သား ယောကျ်ားတစ်ယောက်လို့ ယုံရခဲယဉ်းတုန်းပဲ"

ချန်ရှုံချီက ကြားတော့ ရယ်သည်။

"တီလေးက ကျွန်တော့်ကို ကလေးတစ်ယောက်လိုမျိုး ပြောနေတာပဲ"

ကျောင်ကွေ့ဖောင်က သူ့ကို ပြောလာသည်။

"တီတီမျက်လုံးထဲမှာတော့ မင်းက အမြဲကလေးလေး ပဲ"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now