အခန်း(၂၈) ကောင်းမွန်သော ဆက်ဆံရေး-၃

7.5K 928 71
                                    


Unicode

အခန်း(၂၈) ကောင်းမွန်သော ဆက်ဆံရေး-၃

စုယာယာ ထိုအကြောင်းကို တွေးမိသည်။ သူမက နာမည်ကြီးသရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တဲ့ အတွက် ကြောင့် အလုပ်ကြိုးစားပြီး ပိုက်ဆံရှာဖို့လိုအပ်သည်။ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို အသေအချာ ကြိုးကြိုးစားစား လေ့ကျင့်ရမယ်။ ဒါရိုက်တာကျုံတုန်ကွမ်မှာက စံနှုန်း မြင့်မြင့်ရှိတဲ့အတွက် ကျုံဖိန်ယွင်စကားကို နားထောင်ပြီး သင်ယူရလိမ့်မယ်။

ဘာပဲပြောပြောလေ... အရည်အချင်းပိုရှိထားတာက လည်း မကောင်းတဲ့ အကြံတစ်ခုတော့ မဟုတ်ပါဘူး။ စုံစုံ လင်လင် လေ့လာထားခြင်းက ကောင်းပါတယ်။ သူမက ခေါင်းငြိမ့်ကာ ပြောသည်။

"ကျုံကျဲ, ညီမ နေ့တိုင်း ကုမ္ပဏီကိုလာပြီး သရုပ်ဆောင် သင်တန်းတွေ တက်ပါ့မယ်... လုံးဝ မပျက်စေရဘူး"

"မင်းမှာ ဒီလိုအတွေးအခေါ်အမြင်မျိုးရှိတယ် ဆိုတဲ့ အချက်က ငါ့ကို စိတ်သက်သာရာရစေတယ်"

ကျုံဖိန်ယွင် ထိုစကားကိုကြားသည်နှင့် သူမ စိတ်သက် သာသွားသည်။အရင်တုန်းက စုယာယာ သူမကို ခေါင်းကိုက် စရာတွေ ဘယ်လောက်ပဲ ပေးခဲ့ပေးခဲ့ သူမလေးက သူမရဲ့ အနုပညာရှင်ဖြစ်နေဆဲပဲလေ။ နောက်ပြီး ဉက္ကဌချန်ကလည်း သူမကို နောက်ကွယ်မှ ပံ့ပိုးပေးနေတယ်။ ဒါ့ကြောင့် သူမလေးမှာသာ ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ရှိနေမယ် ဆိုရင် သူမအတွက်လည်း ကောင်းပေလိမ့်မယ်။ အနုပညာ ရှင်တွေနှင့် မန်နေဂျာတွေ ဆိုသည် အပြန်အလှန် အကျိုး ပြုနေကြ၏။

သူတို့နှစ်ယောက် ဒုတိယအမျိုးသမီးဇာတ်ကောင်နေရာ နဲ့ပတ်သတ်လို့ ဆွေးနွေးပြောဆိုခဲ့ကြသည်။ ထိုဇာတ်ကောင် က ချန်ရှုံချီ သူမကို လက်ဆောင်ပေးထားတာကြောင့် အတည်ဖြစ်ပြီးသား ပြောင်းလဲစရာ မရှိချေ။ အခြားသောသူ တွေ သူမရဲ့ဇာတ်ကောင်နေရာကို ယူဖို့ မည်မျှပင် ကြိုးပမ်း ပါစေ ဖြစ်နိုင်မည်မဟုတ်။ ကျုံဖိန်ယွင်က ထိုအကြောင်း အရာကို ခဏဘေးချိတ်လိုက်ပြီး စုယာယာကို တခြားကိစ္စ တွေကို စပြောသည်။

"မနေ့က ငါ မင်းကို ကြော်ငြာတစ်ခုအကြောင်း ပြောခဲ့ တယ်လေ.. ငါ မင်းအတွက် အခက်အခဲပေါင်း သောင်း ခြောက်ထောင်နဲ့ ကြုံရပြီးမှ ရခဲ့တာဟာ.. အစကတော့ ရှောင်ရှင်းကို ပေးလိုက်တော့မလို့ဘဲ .. ဒါပေမယ့် တစ်စုံ တစ်ယောက်က မင်းရဲ့ပုံကို မနေ့က Weibo ပေါ် တင်လိုက် ပြီး အသုံးပြုသူတွေကလည်း အကောင်းမြင်တဲ့ မှတ်ချက် စကားတွေ ပေးခဲ့ကြတယ်လေ... ငါတို့ရဲ့ စာချုပ်ပါတနာ ကလည်း ကျေနပ်နေတယ်ဆိုတော့ ငါ ဒီကြော်ငြာကို မင်းကို ပဲ ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now