အခန်း(၆၁) တစ်ကမ္ဘာတည်းမှ မဟုတ်-၁

6.8K 771 33
                                    

Unicode

အခန်း(၆၁) တစ်ကမ္ဘာတည်းမှ မဟုတ်-

ချန်ရှုံချီသည် မှုန်မှိုင်းနေသော မျက်နှာထားနှင့် ပြန် လှည့်မသွားခင်အထိ အနမ်းခြွေနေကြသူနှစ်ဉီးကို စက္ကန့် အနည်းမျှကြာအောင် စိုက်ကြည့်နေခဲ့သည်။ လက်ထောက် ချန်သည် နောက်မှ လိုက်သွားရုံမှလွဲ ရွေးချယ်စရာမရှိစဉ် ချန်ရှုံချီထံမှ မကျေမချမ်းပြောလိုက်သည်ကို သူ ကြားလိုက် ရသည်။

"သူမက နာရီကြော်ငြာရိုက်ရုံလေးပဲမလား? ကြော်ငြာ ထဲမှာ ဘာလို့ အပိုတွေ ထည့်နေကြတာတုန်း? ဒီတုံးပဲ့လှတဲ့ ကြော်ငြာက ဘာကြီးတုန်း? နောက်ကျရင် သူမကို ဒီလိုဟာ မျိုးတွေ ရိုက်ခွင့်မပေးဘူး"

လက်ထောက်ချန်သည် နားထောင်နေရင်းပင် သူ့ နောက်မှ တိတ်တဆိတ် လိုက်လာခဲ့သည်။ ထို တိုးတိုး,တိုး တိုး ပြောလိုက်ပြီးနောက် သူ့(ချန်ရှုံချီ)နှလုံးသားထဲမှာ မီး ဘောလုံးကြီးတစ်လုံး တောက်လောင်နေသလို ခံစားလိုက် ရ၏။ သူဟာ လက်ထောက်ချန်ကို ပြန်လှည့်ကြည့်ပြီး မျက်ခုံးတို့ကို တွန့်ချိုးထားရင်း မေးခဲ့သည်။

"သူမက ဒီလိုကြော်ငြာမျိုးကို ဘာလို့ရိုက်ကူးဖို့ ရွေး ချယ်ခဲ့တာလဲ?"

လက်ထောက်ချန် ငိုချင်သွားသည်။ တကယ်မေးသင့် တာက ဘယ်သူကိုမလို့လဲ?

ချန်ရှုံချီသည်လည်း သူ့ဆီမှ အဖြေတစ်ခုကို မမျှော် လင့်ခဲ့ပါ။ သူက မှုန်မှိုင်းနေသော မျက်နှာထားနှင့်ပင် ပြန် လှည့်သွားပြီး လမ်းပြန်လျှောက်ကာ စတူဒီယိုအပြင်ရှိ ရပ် ထားသော ကားထဲ ဝင်ထိုင်လို့နေသည်။

လက်ထောက်ချန်သည် အေးစက်သော အရှိန်အဝါ တို့ကို ထုတ်လွှတ်နေသော ထိုသူ၏ပုံရိပ်ကို စူးစမ်းနေပြီး သူ ပတ်ပတ်လည်မှ အလွန်အကြူးအေးစက်နေသော လေထုကို တောင့်ခံနေရသည်။ နွေပြီးရင် ဆောင်းရောက်လာတယ်။ သူ အပေါ်ထပ် ဝတ်ချင်လှပါတယ်!

"ဉက္ကဌချန်ခင်ဗျာ, ကျွန်တော်တို့ အခု သွားကြတော့ မလား?"

ဒရိုက်ဘာဖြစ်သူ အန်ကယ်ကျုံက ချန်ရှုံချီ ဘယ် လောက်တောင် စိတ်မပျော်ဖြစ်နေသလဲဆိုတာကို သတိပြု မိပါသည်။ သို့သော်ငြား သူ့ကိုယ်သူ အားတင်းကာ မေးလိုက် ရသည်။ ဘာပဲပြောပြော သူ့တာဝန်ပဲလေ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now