အခန်း(၆၇)ဂေါ့ဖ်ကစားခြင်း-၁

5.1K 668 9
                                    

Unicode

အခန်း(၆၇)ဂေါ့ဖ်ကစားခြင်း-

ချန်ရှုံချီသည် ဂေါ့ဖ် ကောင်းကောင်းကစားနိုင်၏။‌ ဂေါက်သီးတိုင်းက အတိအကျ ကျင်းထဲသို့ ဝင်သည်။ သူ ကစားနေတာကို စောင့်ကြည့်နေစဉ် ဂေါက်သီး ကျင်းထဲ ဝင် တိုင်း သူမက ပျော်မြူးနေတတ်သည်။ သူမဟာ မယုံနိုင် လောက်အောင် ထူးခြားသော cheerleaderကောင်းတစ်ဉီး ပဲ။

"ဥက္ကဌချန်, ရှင့်မှာ စကေးလ်ကောင်းကောင်းတွေ ရှိတာပဲ!"

"ဥက္ကဌချန်, ရှင်က အံဩဖို့ကောင်းလိုက်တာ!"

"ဥက္ကဌချန်, ရှင်က အတော်ဆုံးပဲ!"

သူသည် စုယာယာ၏ ညင်သာချိုမြသော အသံလေးကို နားထောင်နေမိသည်။ ချန်ရှုံချီသည် ကျေနပ်စွာ ပြုံးလိုက် ကာ မျက်နှာနည်းနည်း ပြန်ရသွားသည်။

ချန်ရှုံချီက နောက်ထပ် တိကျသေချာသောရိုက်ချက် တစ်ခုနှင့် အဆုံးသတ်လိုက်သောအခါ စုယာယာ အပြေး သွားတော့သည်။ နေရောင်ခြည်က သူမ၏ သေးသွယ်ကျစ် လျစ်သောခြေတံတို့ပေါ် တောက်ပနေပြီး သူမ ပြေးလိုက် တိုင်း အားကစားစကပ်လေးက ဝဲဝဲတက်လာ၏။ သူမကိုယ် သူမ သူ့လက်မောင်းထဲ ပြေးဝင်လာရင်း ပျော်ရွှင်နေသော ငှက်လေးတစ်ကောင်အလား ပြေးလာခဲ့သည်။ စုယာယာက သူ့ကို ပွင့်ပွင့်လင်းလင်း ချီးကျူးစကားမဆိုခင် ခြေဖျား ထောက်ပြီး ချန်ရှုံချီ၏မျက်နှာကို အရင်နမ်းသည်။

"ဥက္ကဌချန်, ရှင်က တော်လိုက်တာ!"

ချန်ရှုံချီသည် သူမကို တစ်ချက်ကြည့်ပြီး သူ့နှုတ်ခမ်း ထောင့်စွန်းတို့က ကော့တက်သွားသည်။ ဤအရာသည်ကား မဖုံးကွယ်နိုင်သော ဂုဏ်ဆာခြင်းပေ။

"ဒါက ဘာမှမဟုတ်ဘူး..ကို ဒီထက်ကောင်းအောင် လုပ် နိုင်တယ်!"

"တကယ်လား?" စုယာယာသည် သူ့ကို ချစ်ခင်လေး စားမှုအပြည့်နှင့်ကြည့်နေကာ သူမရဲ့မျက်ဝန်းတို့က တလက် လက်တောက်ပနေသည်။

ချန်ရှုံချီသည် သူမအား ဖက်ထားသည့် ဒီအခွင့်အရေးကို ယူ၍ ခေါင်းကို ငုံကာ သူမရဲ့နားရွက်အောက်ဖျားလေးကို အသာကိုက်လိုက်သည်။ သူ၏အသံမှာ သူမကို မန္တာန်ဖြင့် ပြုစားချင်နေသည်အလား....

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now