အခန်း(၇၄) သူမမှာ ကံကောင်းမှုတွေ ရှိနေတယ်-၂

5.3K 680 19
                                    

Unicode

အခန်း(၇၄) သူမမှာ ကံကောင်းမှုတွေ ရှိနေတယ်-

"ဒါပေမယ့် နောက်ဆုံးကျတော့ ပြဿနာကို ချောချော မွေ့မွေ့နဲ့ ဖြေရှင်းနိုင်ခဲ့တာပဲလေ" ကျုံဖိန်ယွင်သည် ဂရု မထားသလို ပြော၏။ "သရုပ်ဆောင်တွေဆိုတာ သူတို့ အတိုက်အခိုက်ခံရတာကို ဂရုမစိုက်ဘူး.. သူတို့က သူတို့ရဲ့ နာမည်ကျော်ကြားမှုနဲ့ ဂုဏ်သတင်းကိုပဲ ဂရုစိုက်ကြတာ.. မကောင်းတဲ့ကောမန့်တွေကြောင့် သူတို့ နာမည်ကြီးလာ တယ်ဆိုရင်တောင်မှ နာမည်ကြီးတာက ကြီးတာပဲလေ.. လူ တွေက အကြောက်ဆုံးက ဘာလဲဆိုတော့ သူတို့ကို သိတဲ့သူ မရှိမှာကိုပဲ.. နင်ကို Internet Water Army တွေက ဆိုးဆိုး ဝါဝါး တိုက်ခိုက်ခဲ့တယ်ဆိုပေမယ့် အဆုံးသတ်မှာတော့ နင် နိုင်ခဲ့တယ်လေ.. ယန်ကျွင်ရီတင်ခဲ့တဲ့ Weiboပေါ်က ဖြေရှင်း ချက်ကလည်း နင့်ကို ရေပန်းအစားဆုံး ရှာဖွေမှုစာရင်း ရောက်စေခဲ့တာပဲ.. အခုဆိုရင် နင်တို့နှစ်ယောက်ကို သဘော တူနေကြတဲ့သူတွေတောင် ရှိတယ်.. နောက်ဆုံးတော့ နင့်ရဲ့ ဒီကံဆိုးမှုကြီးကနေ ကောင်းချီးတွေဖြစ်လာစေတယ်နဲ့ တူ တယ်.. နင်တို့နှစ်ယောက် အတူတူရိုက်ကူးခဲ့တဲ့ k မိသားစုရဲ့ စုံတွဲနာရီကြော်ငြာကလည်း စတင်ဖြန့်နေပြီးဆိုတော့ ဖန် တွေကြားထဲ လှိုင်းအကြီးကြီးတစ်ခုတော့ သေချာပေါက် ရိုက်ခတ်ဉီးမှာ.. လူပေါင်းများစွာက ဒီအတွက်နဲ့ အရူးအမူး ဖြစ်သွားကြလိမ့်မယ်.. ကျေနပ်နေစမ်းပါ"

စုယာယာသည် လျှာထုတ်ပြောင်ပြသည်။ ကောင်းပြီ လေ..တကယ်တော့ သူမက ထိုပြဿနာကနေ အကျိုး ကျေးဇူး ခံစားလိုက်ရတာပဲ။

"အိုကေ.. အတော်လေး နောက်ကျနေပြီ.. ငါ သွားတော့ မယ်.. မနက်ဖြန်ကျရင် လက်ထောက်အသစ်ကို ဒီခေါ်လာ ခဲ့မယ်"

ကျုံဖိန်ယွင်သည် သူမရဲ့နာရီကိုကြည့်ပြီး အပြင်သို့ မထွက်ခင် သူမကို သတိပေးသွားသည်။

ကျုံဖိန်ယွင် ထွက်သွားပြီးနောက် စုယာယာသည် တူနှင့်ပန်ကန်လုံးတွေကို ဆေးကြောဖို့ မီးဖိုခန်းထဲ ယူသွား ခဲ့သည်။ ပန်းကန်ဆေးစက်၏ကျေးဇူးကြောင့် သူမမှာ လူ ကိုယ်တိုင် ပန်းကန်ဆေးစရာမလိုပေ။ သူမရဲ့လက်တွေကို မထိခိုက်စေတော့ဘူးပေါ့။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now