Chapter 80+81

5.8K 749 58
                                    

Unicode

အခန်း(၈၀) ချန်ကတော်-

ဝိုး.. ဒီမေးခွန်းက မေးခွန်းသတ်တာပဲ။

စုယာယာသည် သူ ဒီလိုမေးခွန်းမျိုး မေးလာမယ်လို့ ဘယ်တုန်းကမှ မတွေးဖူးချေ။ သူမက အမြှောက်စာ ဇာတ်ကောင်လေးဖြစ်နေစဉ်မှာ သူကတော့ ဒီဝတ္ထုထဲက အမျိုးသားဇာတ်လိုက်ကြီးလေ။ သူမအတွက် သူရဲ့ဘယ်ဆီ ဘယ်ဝယ်ဘာလုပ်နေလဲဆိုတဲ့အကြောင်း မေးဖို့အခွင့်မရှိ ပေ။ ထိုနည်းတူစွာ သူမတို့၏ပတ်သတ်ဆက်နွယ်မှု အကြောင်း သူမကောင်းကောင်းကြီး နားလည်သဘော ပေါက်သည်။ သူမရဲ့စည်းကို ဘယ်တော့မှကျော်လိမ့်မည် မဟုတ်။

သို့သော်ချန်ရှုံချီက ထိုမေးခွန်းကို မေးလာခဲ့ပြီ။ အကယ် ၍ သူမအဖြေမကောင်းခဲ့လျှင် သူမအတွက် ကောင်းလိမ့်မည် မဟုတ်တော့။ ဒီအတွက်ကြောင့် ချန်ရှုံချီက စိတ်ဆိုးကောင်း စိတ်ဆိုးသွားနိုင်သည်။ သူကျေနပ်သွားဖို့ရာ သူ ဖြစ်ချင်တဲ့ အတိုင်း ဖြစ်ခွင့်ပေးလိုက်တာက ပိုကောင်းသည်။

ထို့ကြောင့် စုယာယာသည် သူမ၏ကိုယ်ပိုင်အတွေးကို သာ အသုံးချပြီး‌ ဖြေလိုက်သည်။

"လောင်ကုန်း.. ဘာတွေနဲ့ဒီလောက် အလုပ်ရှုပ်နေတာ လဲဟင်? ယာယာရဲ့မက်ဆေ့ချ်တွေကိုတောင် ပြန်မဖြေဘူး"

သူမရဲ့ကောင်းမွန်လှသော သရုပ်ဆောင်စကေးလ် ကြောင့်လား ဒါမှမဟုတ် ချန်ရှုံချီ၏အာရုံသည် ဒီစကားဝိုင်း ကို လုံးဝမစိုက်ထား၍ကြောင့်လား မသိပေမယ့် သူ ခုနက မေးခဲ့သည့်မေးခွန်းအကြောင်းကို မပြောတော့တာကြောင့် သူမလည်း ဖြေစရာမလိုတော့ချေ။ သူက သူမကို တင်းကျပ် စွာ ဖက်ထားရင်း အတော်လေး ဝမ်းနည်းနေတဲ့အသံနှင့် ပြောပြလာသည်။

"ပြီးခဲ့တဲ့ရက်တွေတုန်းက ကို့အမေကို သွားတွေ့နေခဲ့ တာ"

သူ့အမေ?ချန်ကတော်?!

စုယာယာမှင်တက်သွားသည်။ သူမ ဒီဝတ္ထုကို ဖတ်စဉ် က ချန်ကတော်အကြောင်း မပြောထားဘူး။ ပြောထားသည် က ချန်ရှုံချီဆယ်ကျော်သက်အရွယ်မှာ သူ့မိဘတွေ ကွာရှင်း ခဲ့ကြသည်ဆိုတာပဲ။ ချန်ရှုံချီနှင့်ချန်ကတော်တို့မှာ ပြေလည် တဲ့ ဆက်ဆံရေးမျိုးမရှိရာ နှစ်ပေါင်းများစွာ တစ်ဉီးနှင့်တစ်ဉီး မတွေ့ဖြစ်ခဲ့ကြချေ။ ဝတ္ထုမှာက ချန်ကတော်အကြောင်း သိပ် မပါဘူး။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now