အခန်း(၂၆) ကောင်းမွန်သောဆက်ဆံရေး-၁
ကျုံဖိန်ယွင်က စုယာယာရဲ့ဖုန်းစခရင်ပေါ်က တဖျပ်ဖျပ် လှုပ်နေတဲ့ နာမည်ကို မြင်လိုက်ချိန်မှာတော့ သူမရဲ့ခန့်မှန်းမှု က မှားယွင်းသွားတယ်ဆိုတာကို သူမ နားလည်လိုက်သည်။ စုယာယာ ပြောသလိုပဲ စုယာယာနဲ့ ချန်ရှုံချီတို့က အတော် လေးအဆင်ပြေပြေကောင်းမွန်နေတဲ့ rs တစ်ခုမှာ ရှိနေကြ တာပဲ။
စုယာယာက ပြုံးပြီး ကျုံဖိန်ယွင်ကို ပြောတယ်။
"ကျုံကျဲ, ညီမ ဖုန်းသွားပြောလိုက်ဉီးမယ်နော်"
ပြောပြီးသည်နှင့် သူမက ဖုန်းကိုင်ဖို့ တစ်နေရာကို သွား သည်။
ချန်ရှုံချီရဲ့ အသံချိုချိုလေးက ဖုန်းထဲကနေ ပေါ်လာ တယ်။
"မင်း ဘယ်ရောက်နေလဲ?"
"ယာယာ ခု ကုမ္ပဏီမှာ"
စုယာယာ ပြန်ပြောတယ်။
"ကျုံကျဲကျဲနဲ့ အလုပ်ကိစ္စ စကားပြောနေကြတာ.. သူမ က ယာယာနဲ့ အဆင်ပြေတဲ့ ကြော်ငြာတစ်ခု ရထားတယ်လို့ ပြောတယ်"
ထိုအခါမှ ချန်ရှုံချီ ပြန်မှတ်မိသွား၏။
"ဟုတ်သားပဲ.. မင်း ကိုယ့်ကို မနေ့က အဲ့အကြောင်း ပြောသေးတယ်"
"အွန်း"
သူ အခု သူမကို ဖုန်းဆက်တာက ထူးဆန်းနေသလို စုယာယာ ခံစားနေရသည်။ သူမက သိလိုစိတ်ကြောင့် ထုတ် မေးလိုက်တယ်။
"အခု အလုပ်မရှုပ်ဖူးလား? ယာယာဆီ ဖုန်းဆက်ဖို့ အချိန်ရတယ်လား?"
ချန်ရှုံချီ က ပြန်ပြောတယ်။
"ကုမ္ပဏီမှာ ကိစ္စတစ်ချို့ ရုတ်တရက်ကြီး ဖြစ်သွား တယ်... ကိုယ် S မြို့ကို သွားဖို့ လိုပြီး သဘက်ခါလောက်ထိ ပြန်လာနိုင်မှာ မဟုတ်ဘူး တစ်ခုခု လိုချင်တာရှိလား? ကိုယ် မင်းအတွက် ဝယ်လာခဲ့ပေးလို့ ရတယ်"
ဈေးဝယ်ရတာ မကြိုက်တဲ့ အမျိုးသမီးဆိုတာ မရှိလေ ဘူး။ အရင်က ချန်ရှုံချီ အလုပ်ခရီးသွားရင် သူက စုယာယာ အတွက် လက်ဆောင် ယူလာပေးတတ်တယ်။ နောက်တော့ ထိုဟာက အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ သူ အလုပ်ခရီး သွားတိုင်း သူမကို ဘာလိုချင်လဲလို့‌ မေးပြီး ပြန်လာရင် ယူ လာခဲ့ပေးသည်။
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာTempat cerita menjadi hidup. Temukan sekarang