Chapter 131(Uni & Zawgyi)

3.6K 425 10
                                    

Unicode

အခန်း(၁၃၁) စောင့်ကြွားကြွား စုရှောင့်ရွှမ်-၂

စုမားမားသည် စုယာယာကို အပုတ်ချခံနေရတယ်ဆိုတာ သိလိုက်ရတော့ အရမ်းစိတ်ဆိုးလွန်းလို့ စုယာယာကို အခြေအနေအကြောင်းစံအား ဖုန်းဆက်မေးချင်ခဲ့သော်လည်း မှောင်မည်းနေသောမျက်နှာထားနှင့် စုပါးပါးက တားမြစ်ခဲ့သည်။

"ယာယာကို ဖုန်းခေါ်ဖို့ ဘာဖြစ်လို့ ခွင့်မပြုရတာလဲ? ယာယာက အဲလိုလူမျိုးဆိုတာကို ကျွန်မကတော့ မယုံဘူး!"

စုမားမားက ပြောသည်။

စုပါးပါးက သူမကို ကြည့်ကာ

"မင်းက အရင်ယာယာအကြောင်းပြောနေတာဆိုရင်တော့ ငါယုံကြည်ပေးလိမ့်မယ်.. ဒါပေမယ့် အခုကျတော့ရော? သူက အရင်ကယာယာနဲ့ တူနေသေးလို့လား?"

ဒီစကားလုံးတွေက စုမားမားကို အလွန်ဝမ်းနည်းသွားစေခဲ့ သည်။ စုယာယာပြောင်းလဲသွားခဲ့တာ ကြာပြီလေ။ သူမက အရင်စုယာယာ မဟုတ်တော့ဘူးမလား။ နောက်ဆုံး ဖုန်းကိုင် ထားသောသူမရဲ့လက်က အားအင်မဲ့စွာ ဘေးဘက်သို့ လျော့ကျသွားခဲ့တော့သည်။

"ငါတို့ နယ်ဘက်မှာ ခဏသွားနေကြရအောင်"

စုပါးပါးက ပြော၏။

စုယာယာဆီမှာ ဖြစ်ခဲ့တဲ့ကိစ္စပြီးနောက် အင်တာနက်က ထိုအကြောင်းကို မည်သူမှမရပ်တန့်နိုင်ခဲ့ချေ။ စုမားမားနှင့် စုပါးပါးတို့နှစ်ဉီးလည်း အပြင်ထွက်တိုင်း အိမ်နီးနားချင်းတွေထံမှ နေ့တိုင်း လက်ညှိုးထိုးခံရကာ သူတို့ရှေ့မှာပင် လှောင်ရယ်ကြသည်။ အပြင်ပန်းမှာတော့ သူတို့ကို နှုတ်ဆက်နေကြသော်လည်း ကျောပေးလိုက်သည်နှင့် ချက်ချင်း အတင်းစကားဆိုကြတော့၏။ စုပါးပါးသည် ရက်အနည်းငယ်လောက် ထိုအရာကို သည်းခံခဲ့သော်လည်း လုံးဝစိတ်ဓာတ်ကျနေပြီဖြစ်သည်။ သူ ဒီမြို့မှာ မနေလိုတော့။ နယ်ဘက်မှာ ခဏတဖြုတ် အနားသွားယူချင်သည်။

စုမားမားသည်လည်း အလွန်ပင်ပန်းသလို အလွန်ဝမ်းနည်းရသည်။ စုပါးပါးကလည်း ကျန်းမာ‌ရေး သိပ်မကောင်းတော့တာကြောင့် စုမားမားသည် သူ ဒီကိစ္စကြောင့် ရောဂါတက်မည်စိုးတာကြောင့် သဘောတူလိုက်ရသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now