Chapter 102 (Uni&Zawgyi)

4.5K 578 16
                                    

Unicode

အခန်း(၁၀၂) သူမ ဘာတွေးနေလဲဆိုတာကို သူ မသိသော် ငြား-

ချန်ရှုံချီက ရယ်နေရင်း သူမကို တတိတိနှင့် ချော့ပြန် သည်။

"ဒီလောက်ပဲ ကြီးလှပြီ... ကလေးလေးလိုပါပဲလား"

စုယာယာက အပြင်းအထန် ကွန်ပလိန်းတက်တော့ သည်။

"ကို လုံးဝမခံစားတတ်ပါဘူး... ကိုမှ အဲ့လောက်ခါးတဲ့ ဆေး မသောက်ဖူးတာ"

သူမ ငယ်ငယ်လေးတုန်းက ကျန်းမာရေးသိပ်မကောင်း တာကြောင့် ရာသီအကူးအပြောင်းတိုင်း အမြဲအအေးမိ တတ်ပြီး အချိန်လည်း အကြာကြီးကြာတတ်သည်။ ထိုစဉ်က ဆေးပညာဟာ ခုလောက်ထိမကောင်းလည်း မကောင်းခဲ့ သေးချေ။ဒါ့ကြောင့် သူမရဲ့အဖေကသူမကို စက်ရုံကျန်းမာ ရေးဝန်ထမ်းဆီ ခေါ်သွားတဲ့အခါတိုင်း သူတို့က သူမကို ဆေးပေးလိုက်လေ့ရှိသည်။ ထိုဆေးပြားတွေက အရမ်းကို ခါးအန်နေပြီး တစ်လုံးလေးပင် သူမ မမျိုနိုင်ခဲ့။ ဒါ့ကြောင့် သူမရဲ့အဖေက ဆေးပြားတွေကို အမှုန်ကြိတ်ပေးပြီး ရေနှင့် မျှောချခိုင်းသည်။ ဆေးမှုန့်တွေကပိုလို့တောင် ခါးသက် လွန်းလာတာကြောင့် သေဒဏ်တစ်ခု ပေးလိုက်သလိုပါပဲ။ ဆေးသောက်နေရတာက အဆိပ်သောက်နေရသလိုပဲ။ အခု ချိန် တွေးမိရင်တောင် စိတ်မသက်မသာဖြစ်မိ၏။ သူမ သေတာ သေလိုက်ချင်တော့သည်!

လွန်ခဲ့တဲ့နှစ်နှစ်က သူမရဲ့အမေဟာ အပြင်းအထန် ဖျား ခဲ့သည်။ ဆရာဝန်က ကင်ဆာလို့ပြော၏။ ဒီကောင်တီကျဉ်း ကျဉ်းလေးထဲမှာ ရနိုင်တဲ့ဆေးဘက်ဆိုင်ရာ နည်းပညာက အကန့်အသတ်နှင့်မို့ သူတို့ရဲ့အမေကို ဆရာဝန်ပြဖို့ မြို့ခေါ် လာခဲ့ရသည်။ ရက်ပေါင်းများစွာ တန်းစီစောင့်ဆိုင်းပြီးမှာ ဆရာဝန်ကို တွေ့ခွင့်ရခဲ့သည်။ အဆက်အသွယ်ရလို့ရငြား လူတိုင်းဆီ အကူအညီတောင်းခဲ့ပြီးနောက် သူမအတွက် ကုတင်လေးတစ်လုံး စီစဉ်ပေးနိုင်ခဲ့သည်။ သူမ နေ့ဘက်မှာ အလုပ်လုပ်ပြီး ညတိုင်း သူမရဲ့အမေကို သွားတွေ့ခဲ့သည်။ သူမရဲ့အမေ အတော်လေးပိန်ကျသွားပြီး နေ့တိုင်း လက် တစ်ဆုပ်စာဆေးတွေ သောက်နေတာကို ကြည့်နေခဲ့ရသည်။ ထိုဆေးပြားတွေကို အရမ်းကိုခါးမည့်ပုံပေါ်ပေမယ့် အသက် ရှင်ချင်လျှင်တော့ သောက်ရုံသာ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now