အခန်း(၆၀)ခပ်ခွာခွာနေခြင်း

6.8K 770 15
                                    

Unicode

အခန်း(၆၀)ခပ်ခွာခွာနေခြင်း

ငြင်းပယ်စကားသာဆိုလိုက်ပါလျှင် သူမဟာ ငတုံးပင် ဖြစ်ပေလိမ့်မည်။ ချန်ရှုံချီမှာရှိတဲ့ အခွင့်အလမ်းတွေဆိုတာ အလွန့်အလွန် ကောင်းမွန်တဲ့အရာတွေပဲ။ သူမသာ ဖမ်းဆုပ် နိုင်ခဲ့ပါလျှင် သူမအတွက် အင်မတန် အကျိုးကျေးဇူး များပေ လိမ့်မည်။

ချန်ရှုံချီသည် နူးနူးညံ့ညံ့ ရယ်မောပြီး သူမရဲ့ ပါးလေးကို ညစ်လိုက်သည်။

"လိုချင်တယ်ဆိုရင် မြန်မြန်လုပ်ပြီး ကိုအတွက် ချက် ပေးတော့ ... တကယ်တော့ လုပ်ပေးမယ်ဆိုပြီး မင်းကိုယ့်ကို ကတိပေးထားတဲ့ဟာပဲကို"

စုယာယာသည် နောက်ထပ် အနည်းငယ်မျှ မတုံ့နှေးရဲ တော့ချေ။ သူမဟာ သူမရဲ့skincare နေမှုကို အလျင်အမြန် အဆုံးသတ်ကာ ယာဂုချက်ပြုတ်ဖို့ မီးဖိုချောင်ထဲ ပြေးဝင်ခဲ့ တော့သည်။

ယာဂု ပြုလုပ်ဖို့က ရိုးရှင်းပါတယ်- ဆန်ဆေး၊ အိုးတစ် လုံးထဲမှာ ရေနွေးနည်းနည်းတည်၊ ရေပွက်လာတာနဲ့ အိုးထဲ ကို ဆန်ထည့်ပြီး ပွက်လာအောင် မီးမျှင်းမျှင်းနဲ့ ဖြေးဖြေး ချင်း တည်ပေးရန်သာ။ ထပ်ပြောရလျှင် ဖက်ထုပ်ပေါင်းက လည်း အတော်လေးကို လွယ်ကူလွန်းလှပါပေတယ်။ မနေ့ မနက်က စုယာယာသည် အိမ်မှာ ဖက်ထုပ်နည်းနည်း လုပ် ထားခဲ့ပြီးသားပင်။ ဒါ့ကြောင့် ရေခဲသေတ္တာထဲမှာ ဒါဇင်နီး ပါး လောက် ကျန်သေးဉီးမည်။ သူမမှာ အဲဒါလေးတွေကို အပြင်ထုတ်ပြီး လုံးဝ ကျက်သွားသည်အထိ ပေါင်းပေးလိုက် ရုံသာ။

အချိန်တိုအတွင်းမှာ ယာဂုနှင့် ဖက်ထုပ်ပေါင်း နှစ်ခုလုံး ပြီးစီးသွားခဲ့ပြီ။ စုယာယာသည် ယာဂုထည့်ထားသော ပန်ကန်လုံးနှင့် ဖက်ထုပ်ပေါင်း ထည့်ထားသော ပန်ကန်ပြား ကို ကောက်ယူပြီး စားပွဲထက် တည်ခင်းပေးသည်။ ချန်ရှုံချီ ကမူ အဲ့နေရာမှာ ထိုင်နေလျက်ရှိရာ စားဖို့ရာ စောင့်ဆိုင်း လို့နေသည်။

ချန်ရှုံချီ စုယာယာရဲ့ ဖက်ထုပ်ပေါင်းကို စားချင်ရတဲ့ အကြောင်းရင်းမှာ မနေ့က စုယာယာ လုပ်ကျွေးတဲ့ ဖက်ထုပ် ကို စားဖူးပြီးခဲ့သောကြောင့်ပင်။ အဲ့နောက်မှစလို့ ထိုအရသာ ရှိလှသော ဖက်ထုပ်ပေါင်းကို သူ့စိတ်က ဖျက်လို့မရတော့ တာဖြစ်၏။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now