Chapter 112(Uni & Zawgyi)

3.7K 443 6
                                    

အခန်း(၁၁၂)ထွက်ပေါ်လာသော-

ပရိသတ်တွေဆီမှ နောက်ထပ်အားပေးချီးမြှင့်သံကို ထပ်ကြားရပြန်သည်။ ရွှီရှုန်သည်
'အလှလေးနှင့်လျှာကဝေ' အစီအစဉ်မှာ
နှစ်ပိုင်းစာပါဝင်ခဲ့ပြီးသားသူဖြစ်သည်။ သူသည် ထိပ်တန်းအဆင့်အချက်အပြုတ်စကေးလ်နှင့် ချောမောလှသောလိင်တူနှစ်သက်သူတစ်ဉီးဖြစ်သည်။ သူသည် ဒီနေ့ခေတ်မှာ ပေါ်ပျူလာဖြစ်သော ပန်းလိုကောင်လေး typeမျိုးမဟုတ်ခဲ့ သော်လည်း သူ၏ကိုယ်ပိုင်အရည်အချင်းနှင့်
ဖန်တွေအများအပြားကို ဆွဲဆောင်ထားနိုင်ဆဲပါပဲ။

"ရွှီရှုန် ဖိုက်တင်း!"

"ရွှီရှုန် ဖိုက်တင်း!"

မည်သူက စလိုက်သည်မသိသော်ငြား များစွာသော ဖန်တွေက တစ်ညီတစ်ညာတည်းစအော်ကြတော့ကာ မြင်ကွင်းက တမဟုတ်ချင်း ကြွတက်လာတော့သည်။

အမျိုးသား Guest နှစ်ဉီးစလုံးများ ဖန်တွေ အမြောက်အမြားရှိကြ၏။ သူတို့နှင့်ယှဉ်လိုက်တော့ စုယာယာဟာ နာမည်မကြီးတော့ပေ။ သူမရဲဖန်တွေအများစုက သူမရဲ့မျက်နှာလေးကိုသာ ကြိုက်ရုံဖြစ်ကြပြီး သူတို့ရဲ့ဖုန်းစကရင်တွေကို လျက်ချင်ရုံသာ။ သူမကို လာတွေ့သည့်ဖန်တွေက ချန်နွော့နှင့်ရွှီရှုန်တို့လောက် မများချေ။ ထိုအရာနှင့်ယှဉ်လျှင်တော့ သူမမှာ အသာရစရာမရှိချေ။

သို့သော်လည်း ထိုအကြောင်းအရာနှင့်ပတ်သတ်၍ စုယာယာက အတော်လေးစိတ်ငြိမ်၏။ ချန်နွော့နှင့်ရွှီရှုန်တို့မှာ ဖန်တွေအများကြီးရှိပြီး အားလုံးက စိတ်အားထက်သန်ကြသော်လည်း သူမကတော့ နည်းနည်းလေးမှ ဝမ်းမနည်းမိပါ။ တစ်ချိန်လုံးသူမ၏ အလှဆုံးအပြုံးကို ထိန်းထားနိုင်ခဲ့သည်။

ချန်နွော့သည် ပထမဆုံးတက်သွားပြီး ဟင်းလျာ သုံးပွဲ ဖန်တီးခဲ့သည်။ သူက ဂဏန်းမီးဖုတ်၊ အာလူးနှင့်ဝက်နံရိုးကင်၊ အမဲသားနှပ်တို့ကို ပြင်ဆင်ခဲ့သည်။ ဒီနေ့အတွက် လိုအပ်သည့် ပါဝင်ပစ္စည်းတွေကို ဒီမနက်မှာ ပြင်ဆင်ပေးထားခဲ့ခြင်းဖြစ်သည်။ ချက်နေစဉ်မှာလည်းသူက အစ်ကိုအုံ့ရဲ့မေးခွန်းတွေကို အထစ်အငေါ့မရှိ ဖြေဆိုနိုင်ခဲ့သည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာTahanan ng mga kuwento. Tumuklas ngayon