အခန်း(၆၈)ဂေါ့ဖ်ကစားခြင်း-၂

5K 686 4
                                    

Unicode

အခန်း(၆၈)ဂေါ့ဖ်ကစားခြင်း-

သူတို့ တစ်ယောက်ကိုတစ်ယောက် အပ်လိုက်ပြီးသည် နှင့် စုယာယာသည် ပုံမှန်အတိုင်း ထိုသူမရဲ့ပို့စ်တွေကို ကြည့် ကြည့်ဖို့ သူမရဲ့Weiboကို နှိပ်ခဲ့သည်။ ထိုသူမရဲ့ ဖိုတိုရှော့ များစွာနှင့်ပုံတွေ။ အများစုသည် သူမကိုယ်သူမ ပြင်ဆင် ဖန်တီးထားတဲ့ပုံတွေချည်း။ ထိုထဲကသူမနဲ့ အပြင်က သူမနဲ့ ကြား အတော်လေး ကွာခြားနေသည်။ လက်စသတ်တော့ သူမရဲ့ပုံစံအမှန်အကြောင်း သူမရဲ့ဖန်တွေကို လိမ်ထားတာ ပဲ။

"အစ်မယာယာ, အခု ညီမတို့ သူငယ်ချင်းတွေ ဖြစ်ကြ ပြီနော်.. နောင်ကျရင် ညီမကို ရှောင်ရုံလို့ ခေါ်လို့ရပါတယ်" ထိုအွန်လိုင်းသရုပ်ဆောင်လေးက ပြော၏။

စုယာယာသည် ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။ ရှောင်ရုံဆို ရှောင်ရုံပေါ့။

ရှောင်ရုံရဲ့ဖုန်းသည် အသိပေးချက်တွေ တက်လာတာ တတောင်တောင် မြည်လာခဲ့သည်။ သူမက စုယာယာထံ ပြုံးပြကာ မက်ဆေ့ချ်တွေကို ပြန်ဖြေဖို့ တစ်ဖက်ဆီသို့ လမ်းလျှောက်သွားသည်။ စုယာယာသည် သူမကို ကြည့် လိုက်ပြီး သူမ ဘာလုပ်နေသလဲဆိုတာကို ဂရုမစိုက်ချေ။ သူမက ချန်ရှုံချီနှင့် ဝမ်ဝမ့်ဟောက်တို့၏ပြိုင်ပွဲကို အာရုံ ရောက်နေခဲ့၏။

ရှောင်ရုံသည် GroupChatထဲ ပို့ထားသော များစွာသော မက်ဆေ့ချ်တွေကို ကြည့်ဖို့ သူမရဲ့WeChatကို ဖွင့်လိုက် သည်။

ဘုရင်ကျင်း: ချီး! ငါ့မျက်လုံးကပဲ တစ်ခုခုဖြစ်နေတာ လား? ဒါမှမဟုတ် နင်နဲ့စုယာယာက တစ်ယောက်ကို တစ် ယောက် တကယ်ပဲ follow လုပ်ခဲ့ကြတာလား?

လန်လန်ကို အတင်းဖက်ထားမယ်: နင်နဲ့ စုယာယာက ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် follow လုပ်လိုက် ကြတာလဲ? နင် သူမကို သိလို့လား?

ချိုမြိန်သောအချစ်လေး ထောင်ထောင်: နင် ဘယ်လို လုပ် စုယာယာကို သိတာလဲ? နင် သူမနဲ့ ခင်သွားတာလား?

...........

ဒါဇင်နဲ့ချီသော မက်ဆေ့ချ်တွေက တူညီသော အကြောင်းအရာတစ်ခုတည်းပေါ်မှာသာ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now