Chapter 140 (Uni&Zawgyi)

3.4K 348 4
                                    

Unicode

အခန်း(၁၄၀)နက်ရှိုင်းသောအချစ်-၁

ယနေ့သည် 'အလှလေးနှင့်လျှာကဝေ' ပရိုဂရမ်တွင် စုယာယာပါဝင်ထားသောအပိုင်းကို ထုတ်လွှင့်မှာဖြစ်ပြီး ထိုနေ့ညတွင် စုယာယာနှင့်အတူ အဖော်ပြုကြည့်ပေးဖို့ ချန်ရှုံ့ချီ အချိန်အနည်းငယ် ဖယ်ထားခဲ့သည်။

ရိုက်ကူးနေစဉ်တွင် အစ်မဟွေ့က စုယာယာကို ရည်းစားရှိမရှိမေးသောအခါ စုယာယာ အနည်းငယ် တုံ့ဆိုင်းသွားသည်မှာ သိသာလှသည်။ ဘယ်လိုဘယ်ပုံဖြေရ မည်မှန်း သူမ မတွေးတတ်တော့သည်အလား။

သူမဘေးတွင် ထိုင်နေသောချန်ရှုံ့ချီက သူမဘက် ခေါင်းလှည့်ကာ အကြည့်စူးစူးတို့နှင့် ကြည့်လာပြီး နှုတ်ခမ်းဖျားထက်တွင် အပြုံးတစ်ပွင့်နှင့် မေးလေသည်။

"မင်းဘာလို့ သူမေးတာကို တန်းမဖြေရတာလဲ?"

ဒါသည် ရက်ပေါင်းများစွာ သူ့အတွေးထဲမှာ ဖြစ်တည်နေ သောတစ်စုံတစ်ရာလည်း ဖြစ်ခဲ့၏။ အင်တာနက်ပေါ်ရှိ လူတွေက ဒီအကြောင်းအရာကို ထောက်ပြခဲ့သောအခါ သူ ဒီအကြောင်းကို ခေါင်းထဲ မထည့်ထားခြင်းမျိုးမဟုတ်။ သိပ် များများစားစား မတွေးလိုက်ချင်ရုံသာ။ အခုတော့ သူလည်း အေးဆေးသွားပြီဖြစ်တာကြောင့် ထိုအကြောင်းကို ပိုလို့ တွေးတောမိလာသည်။ ဖြစ်နိုင်တာကတော့.. စုယာယာက သူတို့ ပတ်သတ်မှုကို ဝန်မခံချင်တာလား?

စုယာယာသည် သူ့အမူအရာကို သေချာအကဲခတ်လို့ နေ၏။ ဤမျှလောက် အချိန်အတော်ကြာ အတူရှိလာခဲ့ပြီး နောက် အခုဆို သူ့မျက်နှာကို ကြည့်ရုံနဲ့ သူ့စိတ်အခြေအနေကို ဖတ်တတ်နေပြီလေ။ မျက်နှာကို ပြုံးထားကာ သူမက ပြော၏။

"ကိုက ယာယာရဲ့လောင်ကုန်းလေ.. အရူးကြီးရဲ့.. ရည်းစားမှမဟုတ်တာ.. အာ့ကြောင့် ဘာဖြေလို့ဖြေရမယ်မှန်း မသိဖြစ်သွားတာ!"

တွေးတောကြည့်မိတော့ ဒါက အဓိပ္ပာယ်ရှိ၏။ သူတို့ လက်ထပ်ထားသည့်အကြောင်းအရာကို ခုထိ လူသိရှင်ကြား မထုတ်ဖော်ရသေးသလို အချိန်လည်း မတန်သေးပေ။ သူ့အစီအစဉ်တွေ ပြီးသည်နှင့် သူဒီအကြောင်းကို တွေးထားရမည်။ ချန်ရှုံ့ချီသည် ထိုအကြောင်းနှင့်ပတ်သတ်၍ နောက်ထပ် စိတ်ရှုပ်မခံတော့ပေ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now