Chapter 107 (Uni&Zawgyi)

4.1K 532 11
                                    

Unicode

အခန်း(၁၀၇)မင်းအိပ်နေတာကို ကြည့်ချင်လို့-၂

စုယာယာ သူမသွားလိုသည့်အထပ်သို့ ရောက်သောအခါ ဓာတ်လှေကားအပြင်ဘက်မှာ လက်ထောက်ချန်က သူမကို စောင့်ကြိုနေခဲ့၏။ ထိုသူသည် သူမကိုမြင်တော့ပြုံးပြရင်း စကားဆိုသည်။

"မစ်ဂူ, ဥက္ကဌချန်က မစ်ကို ရုံးခန်းထဲမှာ စောင့်နေပါတယ်.. ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ"

"ရှင့်ကို ဒုက္ခများစေပါပြီ"

စုယာယာက ထိုသူ့ကို ခေါင်းညိတ်ပြပြီး ချန်ရှုံ့ချီ၏ရုံးခန်းဆီသို့ သူ့နောက်မှ လိုက်ခဲ့တော့သည်။

ဒါသည် ချန်ရှုံ့ချီ၏ရုံးခန်းကို စုယာယာ ပထမဆုံးအကြိမ် လာရောက်ခြင်းမဟုတ်ပေမယ့် တစ်စုံတစ်ယောက်ကို ဆူနေသည့်သူ့ကိုပုံကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ အာ, မဟုတ်သေးဘူး။ ဒါက ဒုတိယအကြိမ်ပဲ။ သူမ နားနေခန်းထဲမှာ အနားယူနေစဉ် ချန်ရှုံ့ချီ အန်ယွီထင်ကို ဆူကို ကြားလိုက်ရတုန်းက ပထမဆုံးအကြိမ်။ ဒီတစ်ကြိမ်မှာတော့ ချန်ရှုံ့ချီသည် မားကတ်တင်းဒါရိုက်တာကို ဆူနေခြင်းဖြစ်သည်။ မားကတ်တင်းအစီအစဉ်တွေက အဆင်မပြေနေတာကြောင့် အဆူခံနေရတာ မျက်စတစ်ချက်ပင် မလှုပ်ရဲချေ။

စုယာယာသည် ရုံးခန်း၏အပြင်မှ ချန်ရှုံ့ချီ၏ဆူနေသည့်အသံကို ကြားနေရသည်။ သူမက လက်ထောက်ချန်ကို အမြန်ဆွဲကာ တိုးတိုးပြောသည်။

"ကျွန်မတို့ ဝင်မသွားသေးဘဲ ခဏလောက် စောင့်နေတာ ပိုအဆင်ပြေမယ်ထင်တယ်... ကျွန်မ ဧည့်တွေခန်းထဲမှာ သွားနေလိုက်မယ်"

အတွေးတစ်ချို့ ဖြတ်ပြေးသွားခဲ့ပြီးနောက် လက်ထောက်ချန်က သဘောတူခဲ့၏။ ထို့နောက် သူက ထိုင်ဖို့ရာ စုယာယာကို ဧည့်တွေ့ခန်းဆီ ခေါ်လာပေးခဲ့သည်။

စုယာယာသည် စားပွဲပေါ်သို့ နေ့လည်စာထမင်းဘူးကို တင်ပြီး Weiboပေါ်မှာ အချိန်ဖြုန်းနေလိုက်သည်။ ၁၀ မိနစ်ခန့်ရှိတော့ လက်ထောက်ချန်က ရောက်လာပြီး သူမကို လာခေါ်သည်။

"မစ်စု, ဥက္ကဌချန်က မစ်ကို ဝင်လာခိုင်းနေပါတယ်"

"ဟုတ်"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now