အခန်း(၅၉) အခွင့်အလမ်းအတွက်ဆို ဘာပဲဖြစ်ဖြစ်-၂

5.9K 746 15
                                    

Unicode

အခန်း(၅၉) အခွင့်အလမ်းအတွက်ဆို ဘာပဲဖြစ်ဖြစ်-

စနေနေ့မနက်ခင်းမှာ စုယာယာသည် ကြော်ငြာတစ်ခု ရိုက်ကူးဖို့ရာ ရှိသည်။ ချန်ရှုံချီသည် ထိုအကြောင်း သိသော် လည်း သူသည် မနေ့ညက သူမနဲ့ အိပ်ယာခင်းပေါ်မှာ လူးလှိမ့်ခဲ့သေးသည်။ သူမ နောက်ဆုံး သနားညှာတာပေးဖို့ သူ့ကို တောင်းပန်ခဲ့သည်အထိ ညလုံးပေါက်နီးပါး ချန်ရှုံချီ သည် သူမကို မှောက်ချည်လှန်ချည်လုပ်နေခဲ့သည်။ ချန်ရှုံချီ က ပြော၏။ သူ သူမလုပ်ပေးသော အုတ်ဂျုံယာဂုနဲ့ပေါက်စီ စားချင်ကြောင်း၊ သူမသာ သဘောမတူရင် သူမကို လွှတ်ပေး လိမ့်မည်မဟုတ်ကြောင်း။ စုယာယာ သေလောက်အောင် ငိုချင်သွားသည်။ သူမရဲ့ အသက်ရှင်နေထိုင်ဖို့ရာ ဆန္ဒက ပြင်းထန်အားကောင်းလွန်းတာကြောင့် ငိုနေရင်းနဲ့ပဲ ချန်ရှုံချီ ရဲ့ မမျှတသော အပေးအယူကို ချက်ချင်း လက်ခံခဲ့၏။

မနက်ခင်း.. ချန်ရှုံချီက သူမကို နိုးနေစဉ် စုယာယာမှာ အိပ်ပျော်နေဆဲပဲ။ အရင်းရှင်ကြီးက အမိန့်ပေး၏။

"မြန်မြန်ထပြီး ကိုယ့်အတွက် အုတ်ဂျုံယာဂုနဲ့ ဖက်ထုပ် ပေါင်းလုပ်ပေး"

"တော်လိုက်.. နောက်ထပ် ငါးမိနစ်လောက် အိပ်ခွင့်ပေး ပါဉီး"

စုယာယာက ရေရွတ်၏။ စုယာယာသည် ခုတိုင် နိုး မလာခဲ့သေးချေ။ သူမက တစ်ဖက်သို့ လှည့်ပြီး ဆက်အိပ်ဖို့ ပြင်နေသည်။

ချန်ရှုံချီက သူမကို အဲလိုလုပ်ဖို့ အခွင့်အရေးမပေး။ လက်ကို ဆန့်ထုတ်ပြီး သူမကို အိပ်ယာထဲမှ ဆွဲထုတ်သည်။ သူက မညှာမတာ ပြောသည်။

"သွားချက်တော့.. မင်း ကတိပေးထားတယ်"

ဒီတစ်ကြိမ်မှာတော့ စုယာယာ အိပ်ဖို့မဖြစ်နိုင်တော့။ သူမရဲ့မျက်လုံးတို့ကို ဖွင့်ပြီး ချန်ရှုံချီ၏ အင်မတိအင်မတန် ချောမောသော်ငြား စိတ်ဆိုးနေသောမျက်နှာကို မျက်နှာ ချင်းဆိုင်လိုက်သည်။ သူ့မှာ ချောမောသော မျက်နှာနှင့် စူးရှ သော မျက်လုံးတစ်စုံရှိနေသော်ငြား စုယာယာ သူ၏ စူးရှ သောမျက်ဝန်းတို့ထဲမှ မကျေနပ်ချက်အရိပ်အယောင်ကို မြင် နိုင်ပေသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now