Chapter 89+90(Unicode)

5K 531 16
                                    


အခန်း(၈၉)ချန်ရှုံချီ ဖောက်ပြန်ခံနေတာလား-

"ဘယ်နေရာက နာတာလဲ?"

စိုးရိမ်တကြီး မျက်မှောင်ကြုတ်နေတဲ့ပုံနှင့် ရှုချောင်ရန် က မေးလာသည်။

"ဗိုက်က..."

စုယာယာသည် ရှုချောင်ရန်၏လက်မောင်းထဲ ပုံကျ သွားပြီး အသံဖျော့ဖျော့လေးနှင့် ပြောနေရှာသည်။

ဗိုက်က နာတာ! ပြီးတော့ သေလုအောင် နာနေတာ!!!

ကိစ္စက အကြီးအကျယ်တွေဖြစ်ကုန်ပြီ။ ရှုချောင်ရန် သည် သူမ ဒီလောက်တောင် ဆိုးဆိုးဝါးဝါးခံစားနေရပုံကို ကြည့်ကာ သူမကိုချီ၍ ခြေလှမ်းကျဲကြီးတွေနှင့် လျှောက် သွားတော့သည်။

"ကိုယ် မင်းကို ဆေးရုံလိုက်ပို့ပေးမယ်"

ရှုချောင်ရန်သည် အစကတော့ စုယာယာ အဆင်ပြေ ရဲ့လားဆိုတာကိုမြင်ရဖို့ လက်ထောက်အလစ်ကို ခိုးလာခ ဲ့ပေမယ့် သူမ အဆင်မပြေနေသည်ကိုသာ တွေ့ခဲ့ရသည်။ ဒါ့ကြောင့် ခုချိန် သူ လုပ်ချင်နေတာကတော့ သူမလေးကို ဆေးရုံပို့ပေးချင်တာပဲ။

စုယာယာသည် အိပ်နေခဲ့တာကြောင့် ညအိပ်ဂါဝန်ကို ဝတ်ထားပြီး ရှုချောင်ရန်ရောက်လာသည့်အချိန်မှာ ဗိုက်က နာ၍နိုးလာခဲ့သည့်အချိန်လေးတင်။ ဒါ့ကြောင့် သူမမှာ အဝတ်အစားလဲဖို့အချိန်မရှိလိုက်ချေ။ သူမ အဆင်မပြေနေ တာကိုမြင်တော့ ရှုချောင်ရန်သည် တွေးပင်မတွေးနိုင်တော့ ဘဲ ဆေးရုံကိုသာ တန်းခေါ်သွားပေးတော့သည်။ သူသည် ဓာတ်လှေကားကနေ ကားပါကင်အထိ သူမကို ဒီတိုင်း ချီသယ်လာ၏။ သူ့ရဲ့ကားပါကင်ထိုးထားသည့်နေရာကို ခေါ် လာခဲ့ပြီး ကတိုက်ကရိုက်သာ ကားထဲသို့ ပွေ့ထည့်လိုက်ကာ ကားမောင်းသူနေရာသို့ ပြေးရသည်။ အင်ဂျင်ကို နှိုး၍ ဆေးရုံသို့ မောင်းထွက်ခဲ့တော့သည်။

ကားထဲမှာတော့ စုယာယာ၏ခန္ဓာကိုယ်တစ်ခုလုံးက တွန့်လိမ်လို့နေ၏။ မျက်ဝန်းတို့ကို ပိတ်ဆို့ထားပြီး နာကျင် မှုကို အောင့်ခံနေရသည်ကြောင့် မျက်မှောင်ကြီးကို ကြုတ် လို့နေရှာသည်။ မွေးကင်းစကြောင်ပေါက်လေးလိုမျိုး တအီ အီညည်းညူသံလေးတွေ သူမရဲ့နှုတ်ခမ်းဖျားက ဆင်းသက် လာ၏။ ထိုအသံတွေသည် နာကျင်မှုဒဏ်ကို မခံနိုင်တော့ သည့်အခါမျိုးတွင် သူမဆီမှာ ထွက်ပေါ်လာတာပင် ဖြစ် မည်။ သူမလေးသည် အရမ်းကိုသနားစရာကောင်းနေပြီး ကူကယ်ရာမဲ့နေသလိုပဲ။ သူမလေးကို လက်မောင်းထဲပွေ့ ထားပြီး မျက်စိအောက်က အပျောက်မခံဂရုစိုက်ပေးချင်စိတ် ဖြစ်လာစေသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now