အခန်း(၁၉) ကျုံဖိန်ယွင်-၂/အခန္း(၁၉) က်ဳံဖိန္ယြင္-၂

8.8K 971 6
                                    


Unicode

အခန်း(၁၉) ကျုံဖိန်ယွင်-၂

ကျုံဖိန်ယွင် စုယာယာကို <<Pamper before Marriage>>ရဲ့ အမျိုးသမီးအရံဇာတ်ကောင်နေရာကို စမ်း ကြည့်ခွင့်ရနိုင်ဖို့ သူမရဲ့ အဆက်အသွယ်တွေ အားလုံးကို အသုံးပြုခဲ့သည်။ နောက်ဆုံးမှာတော့ စုယာယာရဲ့ အသွင် အပြင်နှင့် ထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်မှုတို့ ကြောင့် သူမ ထိုဇာတ်ကောင်နေရာကို ရရှိခဲ့သည်။

အွန်လိုင်းဒရာမာဖြစ်သည့် <<Pamper before Marriage>> ကို တကယ်တော့ ချန်ရှုံချီ ရဲ့အမည်အောက်က လက်အောက်ခံ ဇာတ်လမ်းထုတ်လုပ်ရိုက်ကူးရေးကုမ္ပဏီ တစ်ခုဖြစ်သည့် ရှန်ရှီအင်တာတိန်းမန့်မှာ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ စုယာယာ လူရွေးပွဲကို သွားသည့်နေ့က ချန်ရှုံချီ ကလည်း တိုက်ဆိုင်စွာ စစ်ဆေးရေးအတွက် ရှန်ရှီ အင်တာ တိန်းမန့်ကို ရောက်လာခဲ့သည်။ ဒါက သူတို့၏တွေ့ဆုံခဲ့ပုံ ပင်။

ချန်ရှုံချီက သူမကို ပထမဆုံးမြင်လိုက်သည့် အခိုက် အတန့် စိတ်လှုပ်ရှားသွားပြီး အဲ့နောက်တော့ သူမကို ပိုးပန်း ဖို့ ကမန်းကတန်းစတင်ခဲ့သည်။ သူမရဲ့လှပတဲ့ အသွင်အပြင် ကြောင့် အလယ်တန်းကျောင်းကတည်းက သူမကို ပိုးပန်း တာမျိုးဆိုတာက အမြဲလိုလိုပင်။ ထိုစဉ်အချိန်က သူမကို ပိုးပန်းနေတဲ့ အခြားသခင်လေးတွေလည်း ရှိခဲ့တယ်။

ဒါပေမယ့် ချန်ရှုံချီက ပိုရက်ရောပြီး နှစ်လိုဖွယ် ကောင်း ခဲ့သည်။ အခြားသောသူတွေထက် အင်အားကို ပိုပိုင်ဆိုင် ထားရင်းပေါ့။

ကျုံဖိန်ယွင်က ထိုအကြောင်းကို သိသွားတော့ သူမက ပြောခဲ့သည်။

"မင်းက လှတယ်ဆိုတာ မှန်ပေမယ့် ဒီဖျော်ဖြေရေး လောကမှာက လှပတဲ့အမျိုးသမီးတွေ အများကြီးရှိတယ် လေ... တကယ် မင်းကိုယ်မင်း ဒီလောကမှာ ထင်ပေါ်ချင် တယ်ဆိုရင်တော့ မင်းကို ထောက်ပံ့ပေးဖို့ ချန်ရှုံချီ လိုလူမျိုး တစ်ယောက်လောက် ရှာရလိမ့်မယ်..အဲဒါက အကောင်းဆုံး ပဲ ဖြစ်လိမ့်မယ်"

စုယာယာက ထိုစကားကို ကြားပြီးနောက် သူမ သဘောထားပြောင်းလဲ သွားတော့သည်။ သို့သော်ငြားလည်း ဒီလောကထဲမှာ သူမကိုယ်သူမ ထင်ပေါ်ဖို့အတွက် စိတ် ပြောင်းလဲသွားခဲ့ခြင်းမျိုး မဟုတ်ခဲ့ပေ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now