Chapter 106 (Uni&Zawgyi)

4.1K 586 21
                                    

Unicode

အခန်း(၁၀၆) မင်းအိပ်နေတာကို ကြည့်နေချင်လို့-၁

ဒီလောက် ပိုက်ဆံအများကြီးကို တစ်ခါတည်းနှင့် လွှဲပေးဖို့ ထိုသူ့အတွက်ကတော့ ဆေးတစ်ခွက်မှ ယွမ် ၁ထောင်ဖြစ်သည့်အတွက် ယွမ် ၁သိန်းဆိုတာ ဆေးခွက် ၁၀၀ ပမာဏပင်။ သူမ ပိုက်ဆံကို ဒီတိုင်းပဲယူထားလိုက်သင့်လား ဒါမှမဟုတ် ယူပဲယူထားလိုက်ရမလား ဒါမှမဟုတ် သိမ်းပဲသိမ်းထားလိုက်ရမလား?

စုယာယာတုံ့ဆိုင်းနေစဉ်မှာ ချန်ရှုံ့ချီက မီးဖိုခန်းထဲမှ ထွက်လာခဲ့ပြီ။ ထိုသူသည် စုယာယာရှိရာဆီ လျှောက်လာပြီး ဖုန်းထဲကငွေပို့လိုက်မှုကို မလှုပ်မယှက်ကြည့်နေသော သူမလေးကို မြင်လိုက်ရ၏။ ဒါ့ကြောင့် သူက ဆို၏။

"ပိုက်ဆံကို မြန်မြန်ယူထားလိုက်လေ..ဒါ တစ်လစာပဲ... လိမ္မာတဲ့ကလေးမလေးလို ဆေးကောင်းကောင်းသောက်နော်"

ခြေတံရှည်ဒယ်ဒီကြီးက ပြောလာခဲ့ပြီဆိုမှတော့ စုယာယာအနေနှင့် လက်မခံစရာအကြောင်းမရှိတော့ပေ။ ထို့ကြောင့် ပိုက်ဆံတွေကို စုထားလိုက်၏။ ကြီးကြီးမားမား တော့ မဟုတ်ပါဘူးလေ။ လိမ္မာတဲ့ကလေးမလေးလို ဆေးသောက်ရုံပဲမလား။

"ကျေးဇူးပါ လောင်ကုန်း~"

စုယာယာသည် ချန်ရှုံ့ချီကို ပြုံးပြနေပြီး သူမပါးပြင်ပေါ်မှ ချိုမြိန်တဲ့ ပါးချိုင့်သေးသေးလေးနှစ်ခုကို ထုတ်ဖော်နေတော့သည်။

သူမက ဘာဖြစ်လို့ ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ? ချန်ရှုံ့ချီ သူမခေါင်းလေးကို ပွတ်ပေးနေ၏။

ထိုနေ့မှာတော့ သူတို့နှစ်ဉီးသား နောက်ထပ် ကြည်နူးဆွတ်ပျံ့ဖွယ် ညတစ်ညကို အတူတကွကုန်ဆုံးခဲ့လေတော့သည်။

နောက်နေ့မနက် သူမနိုးလာစဉ်မှာတော့ စုယာယာသည် နှံစားပြောင်းဆန်ပြုတ်နှင့် ကြက်ဉပြုတ်တစ်ချို့လုပ်ဖို့ မီးဖိုခန်းထဲသို့ ဝင်လာခဲ့သည်။ သူမက ဖက်ထုပ်စွပ်ပြုတ် တစ်ပွဲကိုလည်း ပြင်ဆင်ထားပေး၏။

ချန်ရှုံ့ချီသည် စားပွဲမှာထိုင်နေပြီး နှံစားပြောင်းဆန်ပြုတ်ကို တစ်ငုံချင်းသောက်နေစဉ် သူမလုပ်ထားသည့်ဖက်ထုပ်စွပ်ပြုတ်ကို စားနေသည်။ မနက်ခင်းမှာ ဒီလိုပူပူနွေးနွေးမနက်စာကို စားလို့ရနိုင်ခြင်းက အခြားအရာတိုင်းထက်စိတ်ချမ်းသာရတယ်လို့ ခံစားရစေသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now