Chapter 105(Uni&Zawgyi)

5.2K 623 61
                                    

Unicode

အခန်း(၁၀၅) လက်ဆောင်တွေ မပေးနဲ့.. ပိုက်ဆံပဲပေး!-၃

စုယာယာက နှာခေါင်းရှုံထားသည်။ အရမ်းခါးတာပဲ။ သူမရဲ့မျက်ခုံးတွေကို ကျုံ့ထားလွန်းလို့ ဆက်သွားတော့လု နီးနီးပင်။

"မြန်မြန်သောက်လိုက်.. အခုမသောက်ရင် အေးသွားပြီး ပိုခါးသွားလိမ့်မယ်နော်"

ချန်ရှုံချီက သူမကို လောဆော်သည်။

"လိမ္မာတဲ့ကောင်မလေးလို သောက်ရင် ကို မင်းကို လက်ဆောင်ဝယ်ပေးမယ်ကွာ"

စုယာယာသည် ချက်ချင်းဆိုသလို သူမက ကလေးမ လေး တစ်ဖန်ဖြစ်သွားသလို ခံစားလိုက်ရတော့သည်။ ထို စဉ်အချိန်အခါတုန်းက သူမ ဆေးခါးခါးတွေ သောက်ဖို့ကို ကြောက်ရွံနေခဲ့ပြီး လုံးဝ တစ်စက်လေးမှပင် မမျိုနိုင်ခဲ့ပေ။ ဒါ့ကြောင့် သူမကို ချော့ဖို့ စုပါးပါးက အမြဲ ပြောလေ့ရှိသည်။

"သမီးလေး... သောက်လိုက်ရင် ပါးပါးက ချိုချဉ် ဝယ် ကျွေးမယ်နော်"

ထိုစဉ်အချိန်က သူတို့မိသားစုရဲ့ဝင်ငွေက အလွန့် အလွန်ကို နည်းပါးလွန်းတယ်လို့ပြောရပေမည်။ ကြေးပြား တစ်ပြားချင်းစီကို ဖြစ်သင့်တဲ့နေရာတွေမှာသာ သုံးရတာ ကြောင့် သူမအတွက် ချိုချဉ်ဝယ်ပေးဖို့က အတော်လေး ခက်ခဲလှသည်။ ဒါ့ကြောင့် ချိုချဉ်စားရရန်အလို့ငှာ နောက် ဆုံးမှာတော့ ထိုအရသာကြီးကို ကြိတ်မှိတ်သည်းခံပြီး ဆေး သောက်ရတော့သည်။

စုယာယာက သူမ၏မျက်လုံးဝိုင်းဝိုင်းကြီးတွေနှင့် ချန်ရှုံ ချီထံ ကြည့်နေသည်။

"ကိုက ယာယာကို ဘာလက်ဆောင်ဝယ်ပေးမှာလဲ?"

ချန်ရှုံချီက သူမကိုကြည့်နေသည်။ သူ့နှလုံးသားထဲမှာ တော့ ထင်ထားတဲ့အတိုင်း.. စိတ်အားတက်ကြွစေဖို့ မက်လုံး ကတော့ မရှိမဖြစ်ပဲဟု တွေးနေသည်။ သူက ပြော၏။

"ယာယာ လိုချင်တာ ဘာမဆို ဝယ်ပေးမှာပေါ့"

"ဝိုး! ရက်ရောလွန်းလှချည်လား?"

စုယာယာက အံ့အားသင့်သွားခဲ့သည်။

ချန်ရှုံချီက သူမရဲ့ပါးကို ညစ်လိုက်သည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now