Chapter 94 (Uni & Zawgyi)

5.4K 669 17
                                    

Unicode

အခန်း(၉၄)ချန်ရှုံချီနဲ့မင်းရဲ့ဆက်ဆံရေးက ဘယ်လိုနေလဲ-၁

"မင်း ချန်ရှုံချီနဲ့အဆင်ပြေလား?"

ရှုချောင်ရန်က မျက်ခုံးတစ်ဖက်ပင့်ရင်းမေးသည်။

စုယာယာ သူ့ထံတစ်ချက်ကြည့်လိုက်၏။သူမ ဒီမေးခွန်း ကို သိပ်သဘောမကျလှချေ။

"ကျွန်မရဲ့ပုဂ္ဂိုလ်ရေးပါ"

သူ့မှာ ဒီမေးခွန်းမေးဖို့အခွင့်အရေးမရှိဟု သွယ်ဝိုက် ပြောလိုက်ခြင်းပဲ။

ရှုချောင်ရန်က ခပ်ဟဟရယ်ပြီး ပြောသည်။

"မင်းက တကယ်ကြီး တစ်ဉီးတစ်ယောက်နဲ့ အတော် လေးတူတယ်လို့ ပြောဖူးသူများမရှိဘူးလား?"

စုယာယာ မျက်တောင်တဖျက်ဖျက်ခတ်သည်။ သူ့အသံ ကတော့ အတော်လေးသိနေသလိုပဲ။

"သိနေတယ်ဆိုရင်ရော?"

စုယာယာက သိပ်အလေးထားဟန် ပြုံးပြပြဆိုသည်။

ရှုချောင်ရန်သည် သူမရဲ့တုံ့ပြန်ချက်ကိုကြည့်ပြီး နှုတ် ခမ်းထောင့်စွန်းတို့က ကွေးညွှတ်သွား၏။

"မင်းကို စိတ်အနှောက်အယှက်မဖြစ်စေဘူးလား? မင်း က အရှင်းသားကြီး..."

သူမက အန်ယွီထုန်ရဲ့အစားထိုးဟု သူပြောမိတော့မလို့။

ထိုအချိန်မှာရယ်ဖို့က စုယာယာ အလှည့်ဖြစ်သွား သည်။ သူမသည် နည်းနည်းမှစိုးရိမ်မှုမရှိသည်အလား သူမ မျက်နှာပေါ်ရှိအပြုံးက တောက်ပနေ၏။

"စိတ်အနှောက်အယှက်ဖြစ်စရာ ဘာရှိလို့လဲ? နောက် ပြီး ရှင်ကရော ဘာ့ကြောင့်အဲလိုဖြစ်လိမ့်မည်လို့ တွေးရတာ လဲ? ခုလက်ရှိ သူ့ဘေးမှာရှိနေတဲ့သူက ကျွန်မပဲလေ!"

ရှုချောင်ရန်၏မျက်နှာချောချောထက်မှာ အံဩသွား သည့်အကြည့်တစ်ချက် ပေါ်လာ၏။ သူက အံအားသင့်စွာ သူမကို ကြည့်လာ၏။

"မင်း အဲ့အကြောင်းကိုသိတယ်? တကယ်ကြီးသိနေ တယ်?"

စုယာယာက ပခုံးတွန့်ပြကာ အရေးမပါဟန်ဖြင့် ပြော လေသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now