Chapter 125 (Uni & Zawgyi)

4.4K 510 23
                                    

အခန်း(၁၂၅)ယာယာက လောဘမကြီးပါဘူး-

စုယာယာသည် အလျော့ပေးလိုက်လျောထားသော အကြည့်မျိုးနှင့် ကုတင်ပေါ်မှာလှဲနေပြီး ချန်ရှုံ့ချီ၏စောင့် ကြည့်နေသောမျက်ဝန်းတွေအောက်မှာ မျက်လုံးတွေကို မှိတ်လိုက်ရသည်။

သူသည် အိပ်ယာဘေးမှာ ခဏတော့ မတ်တပ်ရပ်နေခဲ့ ၏။ သူ သူမကို စောင့်ကြည့်နေခြင်းလား ဒါမှမဟုတ် သူမ အိပ်ပျော်သွားသည်ကို စောင့်ဆိုင်းပေးနေသည်လား သူမ မပြောတတ်ပေ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူမရဲ့အတွေး တွေသည် ပရမ်းပတာဖြစ်နေလွန်းလို့ ခေါင်းတောင် ကိုက် ချင်လာသည်။

ကံကောင်းစွာဖြင့် သူကအကြာကြီးမနေခဲ့ချေ။ သူမရဲ့ မျက်နှာပေါ်ရှိ ပူလောင်သောအကြည့်တို့က နောက်ဆုံးတော့ ပျောက်ကွယ်သွားချိန် စိတ်သက်သာရာရကာ သက်ပြင်း တစ်ချက်ချမိသည်။ တွေးတောဖို့ တိတ်ဆိတ်ငြိမ်သက်မှု တစ်ချို့ သူမလိုအပ်၏။

စုယာယာ အနည်းငယ်တော့ကြောင့်ကြမိသည်။ သူမနဲ့ ချန်ရှုံ့ချီရဲ့ဆက်ဆံရေးကို အခုဆိုလူပေါင်းများစွာက သိသွား ခဲ့ကြပြီ။ ဒါသည် နောက်ပိုင်းသူမပြေးဖို့အတွက် အခက်အခဲ ဖြစ်လာစေမယ်မလား? အန်ယွီထုန်က ဒီအကြောင်းကို ကြားသွားရင်ရော! မူရင်းဝတ္ထုထဲမှာ စုယာယာ လုပ်ခဲ့သည် ထက် ပိုလို့တောင် သူမကို မုန်းနေမှာ အသေအချာပဲ။

ဟုတ်တာပေါ့... ဒါက အရေးကြီးဆုံးအချက်မဟုတ် သေး။ အရေးကြီးဆုံးအချက်က ချန်ရှုံ့ချီနှင့် အန်ယွီထုန်တို့ ပြန်ပေါင်းထုပ်သွားတဲ့အခါကျရင် ချန်ရှုံ့ချီက သူဒီနေ့လုပ်ခဲ့ တာတွေကိုပြန်တွေးပြီး စုယာယာကို မကျေမချမ်းဖြစ်လာ လေမလားဆိုတာကိုပူပန်မိသည်။ တကယ်သာ အဲလိုဖြစ်ခဲ့ ရင် ကံဆိုးတာပဲ! သူမက အပြစ်ကင်းပါတယ်နော်!

ထိုအတွေးသည် စုယာယာကို ချက်ချင်း အော်ငိုချင်စိတ် ပေါက်သွားစေသည်။

အန်ယွီထုန်နှင့် သူမ၏ဖြစ်လာနိုင်သော အနာဂတ်လေး ကို တွေးလေလေ စိတ်ထိခိုက်ခံစားရလေလေပင်။ အော်... မတွေးတာပဲ ပိုကောင်းပါတယ်လေ!

သက်ပြင်းတစ်ချက်ချရင်း လက်ကိုမြောက်၍ မျက်ရည် တို့ကို သုတ်လိုက်၏။ သူမကိုယ်သူမ အားပေးကာ ရှေ့ဆက် ဘာလုပ်သင့်လဲဆိုတာကို ဆက်တွေးနေလိုက်သည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now