Chapter 123+124(Uni & Zawgyi)

4.4K 564 23
                                    

Unicode

အခန်း(၁၂၃)လူသိရှင်ကြား တွဲသွားတွဲလာလုပ်ခြင်း-

ချန်ရှုံ့ချီ၏အမိန့်ကို စုယာယာစိန်မခေါ်ရဲချေ။ထို့ကြောင့် တွန့်တိုစွာ သူ့ပို့စ်ကို စာပြန်လိုက်ရသည်။ ထို့အပြင် သူ၏ သတ်မှတ်ချက်အရ 'ကျွန်မရဲ့ကောင်လေး'ဟု သုံးနှုန်းလိုက်ရ ပြီး သူတို့ရဲ့နှစ်ဉီးနှစ်ဖက် အပြန်အလှန်ဆက်ဆံရေးကို ရှင်းလင်းစေရသည်။

သူမသည် အတွင်းစိတ်ထဲမှာတော့ ထိုသူ၏ကလေး ကလားနိုင်မှုကြီးကို လှောင်ရယ်နေသော်လည်း အပြင်မှာ တော့ ထုတ်ပြလို့မဖြစ်ဘူးလေ။ ဘာပဲပြောပြော ထိုသူက ဘုန်းတန်ခိုးကြီးမြတ်လှသော ဗိုလ်ကျကြီးစိုးလိုသော အမျိုး သားဇာတ်လိုက်ကြီးဖြစ်ပြီး သူမကတော့ အမြှောက်စာ ဗီလိန်ဇာတ်ကောင်လေးပင် မဟုတ်ပါလား။

"ကောင်းတယ်"

သူက သူမရဲ့Weiboကိုကြည့်၍ ကျေနပ်ပီတိဖြာနေ သည်မှာ သိသာလွန်းလှစွာ။ နှုတ်ခမ်းတို့က မော်ကြွားသော အပြုံးအသွင် ကော့တက်နေခဲ့၏။

ကို့ရဲ့ချစ်လှစွာသော ကောင်မလေး, ကျွန်မရဲ့ ချစ်လှစွာ ကောင်လေး.. အရမ်းကောင်းတယ်!

ချန်ရှုံ့ချီသည် အခုအလွန့်အလွန်ကို ရာသီဥတု သာယာ နေသည်။ ယွမ်မီလီယမ်ရာနဲ့ချီမြတ်တဲ့ စီးပွားရေး အမြတ် အစွန်းပင် ဒါနှင့်ယှဉ်လျှင် သေးနုပ်သွားသည်။ ငွေနဲ့ ဝယ်လို့ မရတဲ့ပျော်ရွှင်မှုမျိုးဆိုသည်မှာ ဒါမျိုးပင်ဖြစ်၏။

တစ်ဖက်မှာတော့ စုယာယာ၏ရာသီဥတုက လေးလံ ထိုင်းမှိုင်းနေခဲ့၏။ ဒီတိုးတက်မှုကြီးက သူမ မူရင်းဝတ္ထုထဲမှာ ဖတ်ခဲ့ရတာနှင့် ကွာခြားနေ၏!

ဇာတ်ကြောင်းမစခင်ကတည်းကသူမဝိညာဉ်ကူးပြောင်း လာခဲ့သော်လည်း မူရင်းဇာတ်ကြောင်းက စတင်နေခဲ့ပြီးဖြစ် ရာ သူမခန္ဓာကိုယ်၏မူလပိုင်ရှင်နှင့်ချန်ရှုံ့ချီတို့ကြား အစစ် အမှန်ဆက်ဆံရေးကို ဘယ်တုန်းကမှ လူသိရှင်ကြားမထုတ် ဖော်ခဲ့ချေ။

လက်တစ်ဆုပ်စာအဓိကဇာတ်ကောင်တစ်ချို့သာ သူတို့ လက်ထပ်ထားခြင်းကိုသိခဲ့ပြီး လူအများအမြင်မှာတော့ သူမ ကို သူက စပွန်ဆာပေးထားသည်ဟုသာ။ သူတို့နှစ်ဉီးကို သမီးရည်းစားဆက်ဆံရေးဟုပင် ယူဆလို့မရနိုင်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now