အခန်း(၇၁)ကြက်ဥခရမ်းချဉ်သီးခေါက်ဆွဲပြုတ်-၁

5.1K 634 9
                                    

Unicode

အခန်း(၇၁)ကြက်ဥခရမ်းချဉ်သီးခေါက်ဆွဲပြုတ်-

ချန်ရှုံချီသည် ဖုန်းခေါ်ဆိုမှုကို အမြန်ပဲအဆုံးသတ်လိုက် သည်။ သူ့ကို ကြည့်ရတာ သိပ်အခြေအနေကောင်းပုံမရ။ သူက စောင်ကိုတစ်ဖက်ပစ်ထုတ်လိုက်ပြီး အဝတ်အစားတွေ ကို ဝတ်ရင်း တစ်ချိန်တည်းမှာ စုယာယာကို ပြောနေသည်။

"အရေးကြီးကိစ္စလေးတစ်ချို့ရှိလို့ ကို ပြန်သွားမှဖြစ် မယ်.. ကိုနဲ့ပြန်လိုက်ခဲ့မလား ဒါမှမဟုတ် ဒီမှာ ဆက်ကစား နေခဲ့ချင်သေးလား?"

သူ မရှိတဲ့အချိန်မှာ သူမက ဘယ်လိုလုပ် ကစားနေနိုင် မှာလဲ? သူမက အမြန် ပြောလိုက်သည်။

"ကိုနဲ့ ပြန်လိုက်ခဲ့မယ်"

ချန်ရှုံချီက ခေါင်းညိတ်ပြသည်။

"ကောင်းပြီ"

ချန်ရှုံချီက ရေချိုးခန်းထဲမှာ ဆေးကြောသန့်စင်ပြီး အဝတ်အစားလဲနေစဉ် စုယာယာက အိပ်ယာထဲမှ ထွက်ပြီး ပစ္စည်းတွေကို စတင်သိမ်းဆည်းသည်။ ချန်ရှုံချီ ရေချိုးခန်း ကနေ ထွက်လာတဲ့အချိန်မှာတော့ စုယာယာက သိမ်းဆည်း လို့ပြီးနေပြီ။ သူမက ချန်ရှုံချီ၏တင်းမာနေသော မျက်နှာကို မော့ကြည့်သည်။ သူတကယ့်ကို စိုးရိမ်ကြောင့်ကြနေသလို မျိုး မျက်ခုံးတွေက တွန်းချိုးနေသည်။

"ယာယာ မျက်နှာသစ်ပြီး အဝတ်အစားလဲလိုက်မယ်"

သူမက ရေချိုးခန်းဝင်ခဲ့ပြီး အချိန်ကုန်သက်သာစေရန် အလို့ငှာ ခါတိုင်းကြာလေ့ရှိသော အချိန်တစ်ဝက်ထက်ပင် မကြာအောင် ရိုးရိုးရှင်းရှင်း skincare steps တွေကိုသာ လုပ်ခဲ့၏။ ထို့နောက် သူမ ထွက်လာခဲ့သည်။

ချန်ရှုံချီသည် ဖုန်းပြောနေခဲ့သည်။

"လက်ထောက်ချန်, ငါ့အတွက် Hမြို့သွားဖို့ လေယာဉ် လက်မှတ်တစ်စောင် ဘိုကင်ချိတ်ထားပေး.. အရေးကြီးကိစ္စ တစ်ခုရှိနေတယ်.. ငါ သွားဖို့လိုတယ်"

လက်ထောက်ချန်းက သဘောတူလိုက်ပြီး လက်မှတ် တစ်စောင်ကြိုဖြတ်ထားဖို့ အမြန်လုပ်သည်။ ချန်ရှုံချီ ဖုန်းချ လိုက်ချိန် သူ့ဘေးမှာရပ်နေသည့် စုယာယာကို တွေ့ရသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now