Chapter 129(Uni & Zawgyi)

3.8K 457 8
                                    

အခန်း(၁၂၉) ဆန်ပြုတ်တစ်ခွက်ကို မျှသောက်ကြမယ်, ဒါလေး ကိုပဲ အရမ်းချစ်တာ!-၂

သူတို့ စားပွဲရဲ့တစ်ဖက်တစ်ချက်စီမှာ အတူဝင်ထိုင်ခဲ့သည်။ စားပွဲပေါ်မှာ ဆန်ပြုတ်ပန်းကန်အကြီးကြီး တစ်လုံးကို တင်ထားသည်။ ဆန်ပြုတ်သည် အဖြူရောင် ရှိနေသေးသော်လည်း တူးနံ့လေးတော့ ရနေဆဲပင်။

စုယာယာသည် ဆန်ပြုတ်တစ်ဇွန်း အပြည့်ခပ်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ အဲ့နောက် သူမရဲ့မျက်ဝန်းလေးတွေက လခြမ်းကွေးသဖွယ် တွန့်ကွေးသွားကာ သူမက ချန်ရှုံ့ချီကို ပြော၏။

"အရသာရှိတယ်"

သူကတော့ သူမကိုကြည့်နေရင်း ဘာအမူအရာမှ ရှိမနေခဲ့ချေ။ သူလည်း ဆန်ပြုတ်တစ်ဇွန်းခပ်၍ ပါးစပ်ထဲ ထည့်လိုက်သောအခါ ချက်ချင်း ထွေးထုတ်ချင်သွား၏။ သို့သော်လည်း မျက်နှာချင်းဆိုင်မှာက စုယာယာ ထိုင်နေတာဆိုတော့ ကြိတ်မြိတ်မျိုချလိုက်ရသည်။

"ခါးပြီး ပျော့စိနေတာပဲ.. ဘယ်လိုလုပ် အရသာရှိမှာလဲ?"

မျက်မှောင်ကြီးကြုတ်ကာ ပြောသည်။ သူပြုတ်ထားတဲ့ ဆန်ပြုတ်က တကယ်ကြီးကို အရသာရှိမနေတာ။ သူတောင်မှ သူကိုယ်တိုင်တောင် အန်ချင်သွားတယ်။

စုယာယာက သူ့ကိုလှမ်းကြည့်သည်။

"ယာယာရဲ့လောင်ကုန်းက ယာယာအတွက် ချက်ပေးထားတဲ့ဆန်ပြုတ်ထဲမှာက အချစ်တွေ ပါတယ်လေ... ယာယာက အရသာရှိတယ်လို့ပြောရင် အရသာရှိလို့ပဲ!"

သူမက တကယ့်ကို သူ့ကို ဘယ်လိုချုပ်ရမလဲဆိုတာ သိနေတာပဲ! စကားလုံးတိုင်းက သူ့နှလုံးသားထဲသို့ စီးဆင်းလာသည့် နွေးထွေးမှုစီးကြောင်းလေးအလားပဲ။ မျက်ခုံးနှစ်ခုကြားက အတွန့်အကွေးသည် ပျောက်ကွယ်သွားတော့၏။ ကတိစကားတစ်ခုဆိုသည်အလား သူက သူမကို ပြောသည်။

"နောက်တစ်ကြိမ်ကျ ကိုယ် သေချာပေါက် ပိုကောင်းအောင် ချက်ပေးမယ်"

"အွန်း-အွန်း"

သူမက ခေါင်းညိတ်ပြသည်။

"စောင့်နေမယ်"

"အိုကေ"

သူက သူမရဲ့ခေါင်းကို ဖွ၏။

နောက်တစ်ခါ သူ သူမအတွက် ချက်ပေးတဲ့အခါမှာ သူမက သူ့ဘေးမှာရှိတော့မှာမဟုတ်ဘူးဆိုတာကိုတော့ သေချာပေါက် တွေးမိခဲ့မည်မဟုတ်ချေ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now