40.8K 1.5K 48
Unicode
ဇာတ်လမ်းအညွှန်း
စုယာယာ သတိပြုမိချိန်မှာ သူမက ဝတ္ထုကမ္ဘာတစ်ခုထဲ ရောက်ရှိနေခဲ့ကာ CEOရဲ့ အစားထိုးခံ
ဇနီးသည်-အမြှောက်စာသာသာဇာတ်ကောင်လေးထဲ ရောက်နေတယ်ဆိုတာကို သိလိုက်ရတယ်။သူမနဲ့အတော်လေးကိုဆင်တူတဲ့ CEOရဲ့ အချစ်ဦး ပြန်လာတဲ့အချိန်မှာ ကွာရှင်းခြင်းနဲ့ ဝမ်းနည်းစရာအဆုံးသတ်က သူမကို စောင့်ကြိုနေမယ်ဆိုတာကို ကြိုသိထားပြီးသားဖြစ်တဲ့အတွက် သူမက ပိုက်ဆံ
ဆိုတဲ့အရာတစ်ခုကိုသာ ယုံကြည်အားထားခဲ့တယ်။
သူမက နေ့စဥ်နေတိုင်း သူမယောက်ျားကို
မျက်နှာလို မျက်နှာရလုပ်...အမှိသဟဲပြုစရာ အားကိုးအားထားစရာတွေကို စုဆောင်း.. သစ္စာရှိဇနီးသည်တစ်ယောက်လို့ သူ့ကို အလုပ်အကျွေးပြုခဲ့တယ်။ မကွာရှင်းမကွဲကွာသေးခင် သူ့အပေါ် အထင်အမြင်ကောင်းကို ချန်ထားခဲ့ခြင်းက ပိုကောင်းတယ်မလား.. ဒါမှ သူမ သူမရဲ့မရဏအလံလေးကို ရှောင်ရှားနိုင်မှာလေ။
ဒီခြယ်လှယ်ဗိုလ်ကျလွန်းလှတဲ့ CEOကြီးက
အတော်လေးကျေနပ်အားရပြီး သူမကို သူ့ရဲ့
ပလက်တီနပ်ကဒ်ကို ကိုယ်တိုင်ပေးကာ
"ယူလိုက်...ပြီး​တော့ မင်း ကြိုက်တာ မှန်သမျှ ဝယ်"
စုယာယာကတော့ ပျော်ရွှင်စွာပဲ လက်ခံထားလိုက်တာပေါ့..။ အမျိုးသမီးဇာတ်လိုက် ပေါ်မလာခင်ထိ သူ့ရဲ့ဖူးဖူးမှုတ်အလိုလိုက်ခြင်းအပေါ် သူမကတော့ အပြည့်အဝ အခွင့်အရေးယူမှာ အသေအချာပင်။
စီးပွားရေးဆန်ဆန် ဆက်ဆံရေးဖြစ်သော်ငြားလည်း မမျှော်လင့်ဘဲ CEOကြီးက ဒီဆက်ဆံရေးထဲ နက်နက်ရှိုင်းရှိုင်း ကြွေကျသွားစဥ် တစ်နေ့ သူ့ဇနီးက သူ့ဘေးနားကနေ ပျောက်ကွယ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ဘူး။တကယ်ဖြစ်လာတဲ့အခါ....
အမှာစာ
ဒီnovelလေးကတော့ CaCaရဲ့ ဒုတိယမြောက် ကြိုးစားမှုလေးပါ..
ထပ်ပြောရရင် တစ်ဦးတည်း သီးသန့် စတင်တဲ့ Translationလေးပါ.
💮 ခွင့်ပြုချက်ရထားပြီး ဘာသာပြန်ခြင်းပါ။💮
ခုလက်ရှိကတော့ E-transက ongoingပါ။
ဇာတ်ကြောင်းကိုလည်း အတော်အသင့်လောက်တော့ မြင်ကြမယ်ထင်ပါတယ်။CaCaလည်း ဘာတွေဖြစ်လာမလဲဆိုတာ တအားကို စိတ်ဝင်စားနေပါတယ်။
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now