အခန်း(4) ပလက်တီနမ်ကဒ်-၁/အခန္း(4) ပလက္တီနမ္ကဒ္-၁

11.5K 1.2K 86
                                    

အခန်း(၄) ပလက်တီနမ်ကဒ်-၁

ချန်ရှုံချီက တခစ်ခစ်ရယ်နေတဲ့ စုယာယာကို
စိုက်ကြည့်ပြီး တွေးနေမိတယ်။

'သူမက အရူးလေးလို အရမ်းပျော်ပြီး ပြုံးနေတာပဲ..သူမကို ဒီလောက်ပျော်အောင် ဘာက လုပ်ပေးနိုင်တာလဲ'

စုယာယာကတော့ စိတ်နှစ်ကိုယ်နှစ်နဲ့
ဇနီးမယားစရိတ် ၁၀ ဘီလီယမ်ကိုတွေးရင်း
အိပ်ယာပေါ်မှာ စောင်ကြီးကို ကိုင်ထားနေတုန်းပဲ..။ သူမသာ အဲဒါကို ပိုင်ဆိုင်ရမယ်ဆိုရင်
အဲဒါက ပိုက်ဆံတွေနဲ့ သူမရဲ့အိပ်ယာသေးသေးလေးကို ဖုံးထားနိုင်လောက်သည်အထိ ကောင်းကင်ပေါ်ကနေ ပိုက်ဆံတွေ
မိုးရွာချလိုက်သလို ဖြစ်နေလောက်တယ်။
အဲဒါဆို သူမ နေ့တိုင်း ဒီပိုက်ဆံအိပ်ယာကြီးပေါ် လှိမ့်ပြီး ပျော်ပျော်ကြီး အိပ်စက်ပစ်လိုက်ဦးမှာ။

ဟီး..ဟီး..ဟီး.......

ရူးနှမ်းပြီးပျော်ရွင်နေတဲ့ယုန်ငယ်လေးက
တံခါးနားမှာ အကြာကြီး သူမကို စိုက်ကြည့်နေတဲ့ လူသားချီတာကြီးကို သတိမပြုမိရှာလေဘူး။

သူမက သူမရဲ့ကိုယ်ပိုင်လှပတဲ့ စိတ်ကူးယဉ်အိမ်မက်ထဲ လုံးဝနစ်မြုပ်နေတယ်။

ချန်ရှုံချီကို စုယာယာရဲ့ချစ်စဖွယ် ရူးရူးနှမ်းနှမ်းအသွင်အပြင်လေးက လွှမ်းမိုးသွားသလား မသွားဘူးလားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပေမယ့် သူ့နှုတ်ခမ်းထောင့်လေးက အပြုံးလေးတစ်ခုအသွင် ကွေးညွှတ်သွားကာ သူ့စိတ်အခြေအနေကလည်း ရုတ်ချည်း ပိုကောင်းလာတယ်။

သူက ခြေလှန်းကြဲကြီးတွေနဲ့ လျှောက်သွားပြီး စုယာယာရဲ့ဖရိုဖရဲဆံပင်တွေကို ပွတ်သပ်ပေးဖို့ လက်လှမ်းလိုက်တယ်။ ထိုအမျိုးသားရဲ့အသံက နက်ရှိုင်းတယ်, သာယာ လှပတယ်, ငြိမ့်ညောင်းတယ်, ပြီးတော့ 'ဆယ်လို'တယောလိုပဲ အသံဩဇာတဲ့ ပြည့်လျှံနေတယ်
" မင်းကို ဒီလောက် ပျော်နေစေတဲ့ ဘာအကြောင်းတွေများ စဉ်းစားနေ တာတုန်း...ကိုယ်လည်း
ကြားပါရစေလား...ဟင်"

၁၀ ဘီလီယမ်.....

"အို...."စုယာယာက ကြည့်လိုက်ကာ နောက်ဆုံးတော့ ချန်ရှုံချီကို သတိထားမိခဲ့ပြီ။ သူမက သူမလက်တွေနဲ့ပါးစပ်ကို မြန်မြန်ကာလိုက်ပြီး သူမရဲ့ တလက်လက်တောက်ပ နေတဲ့ မျက်ဝန်းကြီးတွေနဲ့ သူ့ကို စိုက်ကြည့်နေတော့တယ်။
သို့ပေမယ့်..အတွင်းစိတ်ထဲမှာတာ့ စုယာယာက သူမ ချက်ချင်းတုံ့ပြန်နိုင်လိုက်ပြီး ရှေ့နောက်
မကြည့်ဘဲ မပြောမိလိုက်တာကို တိတ်တိတ်ကလေး ပျော်မြူးနေတယ်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now