အခန်း(၁၈) ကျုံဖိန်ဟွာအခန္း(၁၈) က်ဳံဖိန္ဟြာ

9.2K 1K 6
                                    

Unicode

အခန်း(၁၈) ကျုံဖိန်ဟွာ

စုယာယာ ဒီဖက်ရှင်ဘလော့ကာကို မမှတ်မိပါချေ။ သို့သော် ပုံထဲကလူကိုတော့ သူမ သိတယ်။ အခြားဘယ်သူ မှ မဟုတ်။ သူမ ကိုယ်တိုင်ပါပဲ။

ကြည့်ကြည့်လိုက်တော့ သူမ ရှော့ပင်မောလ်မှာ ရှိနေ ခဲ့စဉ်က တစ်စုံတစ်ယောက်က သူမရဲ့ပုံကို ရိုက်ယူထားခဲ့ပြီး Weibo ပေါ် တင်လိုက်ခြင်းဖြစ်သည်။

စုယာယာ သူမရဲ့ အနီရောင်နှုတ်ခမ်းလေးကို အနည်း ငယ် စူလိုက်မိသည်။ သူမ တွေးခဲ့တာက... သူမလို သာမန် သရုပ်ဆောင်လေးတစ်ယောက်, မထင်မရှား အွန်လိုင်း ဒရာမာလေးတစ်ခုသာ ရိုက်ကူးခဲ့ရသေးတဲ့သူမျိုးကို ဓာတ်ပုံ ရိုက်မယ့်သူ မရှိဟု၍။ ဒါကြောင့်ပဲ ရှော့ပင်ထွက်စဉ် နေကာ မျက်မှန်တို့ ဉီးထုပ်တို့ မလိုဘူးဟု တွေးထား,သတ်မှတ်ထား ခဲ့သည်။

သူမက မွေးရာပါအလှပိုင်ရှင်ဖြစ်နေတာက ကောင်းမွန် တဲ့ အရာတစ်ခုပဲ။ မိက်ကပ်ပါးပါးလေးလိမ်းပြီး ပေါ့ပေါ့ပါးပါး ဈေးလေး ဝယ်ခဲ့တာကိုပင် သူမရဲ့ လှလှပပ ပုံရိပ်တစ်ခုကို ရိုက်ကူးပေးနိုင်တဲ့ ဘလော့ကာတစ်ယောက် ရှိဆဲပင်။

သူတို့က ပုံလေးပုံတင်ခဲ့ပြီး ပုံတစ်ခုချင်းစီက သဘာဝ ဆန်နေခဲ့ပြီး သူမကို ပိုတောင်လှနေစေသေး။ လုံးဝပြီးပြည့်စုံ နေတယ်...။ ဖိုတို့ရှော့လုပ်ထားတဲ့ တစ်ချို့ သရုပ်ဆောင်တွေ ရဲ့ ပုံတွေထက်တောင် ပိုလှနေသေးတယ်။

သေချာတာပေါ့.. ဒီဘလော့ကာကတော့ သူမရဲ့ပုံတွေ ကို ဖိုတိုရှော့လုပ်လိမ့်မည်မဟုတ်။ သူတို့က နည်းနည်းပါးပါး တည်းဖြတ်တာမျိုးပင် မလုပ်ခဲ့ဘဲ သူတို့ ရိုက်ခဲ့တဲ့အတိုင်း Weibo ပေါ် ဒီတိုင်းတင်လိုက်ခြင်း။

ပုံတွေထဲက သူမရဲ့လှပနေမှုကြီးကို ကြည့်ရင်း စုယာယာ ပျော်မြူးလို့နေသည်။ တစ်နေ့မှာ တစ်စုံ တစ်ယောက်က သူမရဲ့ပုံကို ရိုက်ယူထားလိမ့်မယ်လို့ မတွေး ခဲ့ဘူးပေ။ ကြည့်ရင်းကြည့်ရင်း သူမ တခစ်ခစ်ရယ်နေမိ တော့၏။

စုယာယာရဲ့ပုံကို ရိုက်လိုက်တဲ့ ဖက်ရှင်ဘလော့ကာက အဲ့လောက်နာမည်မကြီးချေ။ သူတို့မှာ Followers 1 မီလီ ယမ် ကျော်ကျော်လောက်သာ ရှိတယ်။ သူတို့ရဲ့ပို့စ်ကို share တဲ့သူ သိပ်မရှိသလို သူတို့ရဲ့ Weiboမှာလည်း comments တွေ များများစားစား မရှိဘူး။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now