9.2K 901 6
Unicode
အခန်း(၂၃) ယာယာက ချစ်ဖို့ကောင်းလို့လေ-၁
အိပ်ယာက ထလာပြီးနောက် စုယာယာ ရေချိုးသန့်စင် ပြီး အဝတ်လဲသည်။ တံခါးဆီကို ဉီးတည်သွားကာ သူမရဲ့ မန်နေဂျာနဲ့ တွေ့ဖို့ ကုမ္ပဏီကို ကားမောင်းသွားခဲ့သည်။
မကြာမှီ လက်ထဲမှာ ဒုတိယအမျိုးသမီးဇာတ်လိုက် ဇာတ်ညွှန်းနဲ့စာချုပ်ကို ကိုင်ထားတဲ့ ကျုံဖိန်ယွင်ကို တွေ့ လိုက်ရသည်။
အခုလက်ရှိ သူမနဲ့စာချုပ်ထားသည့် အင်တာတိန်းမန့် ကုမ္ပဏီက စတားလိုက် အင်တာတိန်းမန့် လို့ခေါ်တဲ့ ကုမ္ပဏီ သေးသေးလေးတစ်ခုပါ။ ဒီနှစ်ဆိုရင် သူတို့ စတည်ထောင် ကတည်းက ငါးနှစ်ကြာခဲ့ပြီ။
အင်တာတိန်းမန့်စက်ဝန်းထဲရှိ တိုက်ပွဲက ယှဉ်ပြိုင်မှု ပြင်းထန်၏။ အင်တာတိန်းမန့်ကုမ္ပဏီတွေ ရုပ်ရှင်စတုဒီယို တွေ အွန်လိုင်းဆယ်လီတွေနဲ့ သရုပ်ဆောင်တွေ ဆိုတာ မရေမတွက်နိုင်အောင် ရှိတယ်။ ရာနဲ့ချီတဲ့လူတွေကလည်း အွန်လိုင်းဒရာမာတစ်ခုရဲ့ အရံဇာတ်လိုက်နေရာကို တစ်ခု အတွက် တိုက်ခိုက်နေကြရသည်။
စတားလိုက် အင်တာတိန်းမန့်လို ကုမ္ပဏီသေးသေး တစ်ခုအနေနဲ့ ကန့်သတ်ထားသော စွမ်းအင် အရင်းအမြစ် ဆိုတာ ရှိသည်။ ဒီပြင်းထန်လှသည့် ပြိုင်ပွဲကြီးမှာ ငါးနှစ် ကြာအောင် ရှင်သန်နိုင်ခဲ့ဖို့ဆိုတာ ကုမ္ပဏီအတွက် တကယ့် ကို မလွယ်ကူခဲ့ပေ။
ဖြစ်နိုင်တာကတော့ စတားလိုက် အင်တာတိန်းမန့်မှာ ကံကောင်းမှုတော့ ရှိတယ်ထင်ပါတယ်: မူလပုံစံအတိုင်းဆို မနှစ်ထိတောင် ရှင်သန်ဖို့ဖြစ်နိုင်မည်မဟုတ်ချေ။
သို့သော် မည်သူမှ မခန့်မှန်းမိတာက ဝမ်ကောလို မန်နေဂျာတစ်ယောက်က လမ်းပေါ်က အလားအလာရှိ သည့် ခန့်ချောအမျိုးသားတစ်ဉီးကို ရှာတွေ့ခဲ့လိမ့်မယ်လို့ ပင်။ ဝမ်ကောက ထိုအမျိုးသားနှင့် စာချုပ်ချုပ်ဆိုပြီး သူ့ရဲ့ အဆက်အသွယ်တွေကို ထိုသူအား အွန်လိုင်းဒရာမာ တစ်ခု မှာ ပါဝင်နိုင်ဖို့ အသုံးပြုခဲ့သည်။
ထို့နောက် ရုတ်တရက် ထိုအွန်လိုင်းဒရာမာက နာမည် ကြီးလာခဲ့သည်။ ဒုတိယ အမျိုးသားဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ရသော ထိုခန်ချောအမျိုးသားပင် နာမည် ကျော်ကြားလာခဲ့၏။
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now