အခန်း(၅၈)အခွင့်အလမ်းအတွက်ဆို ဘာပဲဖြစ်ဖြစ်-၁

5.8K 747 8
                                    

Unicode

အခန်း(၅၈)အခွင့်အလမ်းအတွက်ဆို ဘာပဲဖြစ်ဖြစ်-၁

လက်ထောက်ချန်ရဲ့မျက်ဝန်းကို သူ့ဘေးနားရှိ လူ၏ လှုပ်ရှားမှုက ဖမ်းစားသွား၏။ လက်ထောက်ချန်သည် ကြည့် ဖို့ရာ ခေါင်းကို လှည့်လိုက်ပြီး စုယာယာက ခုလေးတင် ပုံဆွဲခြင်းကို အဆုံးသတ်လိုက်တာကိုသာ မြင်လိုက်ရ၏။ သူမက မတ်တပ်ထရပ်ပြီး သူမရဲ့ခေါင်းပေါ်မှာ ရေခွက်တစ်ခွက်နှင့် ရေခပ်ဖို့ရာ ဉီးတည်သွားသည်။

စုယာယာမှာ ကောင်းမွန်တဲ့ ခန္တာကိုယ်တည်ဆောင်ပုံ နှင့် စိုပြေဝင်းလက်သော အဖြူရောင် အသားအရည်ရှိ၏။ သူမ ဝတ်ဆင်ထားသော ဝတ်စုံရဲ့အရှည်က ဒူးအပေါ်တင် တင်လေးပဲ ရှိပြီး သူမရဲ့ သွယ်လျ,ဖြူဖွေး,ရှည်လျားပြီး ဖြောင့်တန်းသော ခြေတံတို့ကို ပြသနေသည်။ သူမသည် nude-colour ဒေါက်မြင့်ဖိနပ်ကို စီးထားကာ သူမရဲ့ခြေတံ တွေကို ပိုရှည်လာသည့် ခံစားမှုမျိုးရစေသည်။ လူတိုင်း လူတိုင်းအား သူမရဲ့ခြေတံတို့သည် အလွန်ရှည်လျားတယ် လို့ ခံစားနေရစေတုန်း နတ်သမီးတစ်ပါးလို ခံစားချက်ကို လည်း ပေးစွမ်းနေ၏။

သူမက ရေတစ်ခွက် ခပ်ပြီး ဖြေးဖြေးချင်းလေး သောက် နေခဲ့၏။ စုယာယာ၏ မျက်တောင်ရှည်တို့မှာ သိပ်သည်း ထူထပ်နေပြီး သူ့အလိုလို သဘာဝအလျောက် ကော့နေ၏။ ထိုအရာက ပန်ကာအသေးလေးလိုမျိုး သူမ မျက်တောင် ခတ်လိုက်တိုင်း သူမရဲ့မျက်ခွံအောက်မှာ အရိပ်တစ်ခုကို ကျန်ရစ်စေသည်။

လက်ထောက်ချန် ရုတ်တရက် နားလည်သွားခဲ့၏။ ဒီမှာ စုယာယာလို မိန်းမလှလေးတစ်ဉီးရှိနေမှတော့ ဘယ်အမျိုး သားမှ သူမကို တလွဲ ခံစားသွားရစေချင်မှာမဟုတ်ဘူး။ အန်ယွီထင်သည် စုယာယာကို အန္တာရာယ်ပြုခဲ့ပြီး ဉက္ကဌ ချန်က စုယာယာကို ကာကွယ်ပေးချင်တာကြောင့် အန်ယွီ ထင်က ကံဆိုးသွားရသည်ပဲ။

အာ,နောက်ကျရင်တော့ သူ နည်းနည်း ပိုပြီး ဉာဏ် ကောင်းဖို့ လိုလာပြီ။ နောက်ထပ် အမှားတွေ ထပ်မလုပ်မိစေ ဖို့ရာပေါ့။

"ကျွန်တော် ချက်ချင်း လုပ်ဆောင်လိုက်ပါ့မယ်"

လက်ထောက်ချန်သည် ပြန်လှည့်ပြီး ထွက်သွားတော့ သည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာحيث تعيش القصص. اكتشف الآن