Chapter 126 (Uni & Zawgyi)

3.6K 417 13
                                    

Unicode

အခန်း(၁၂၆)ယာယာက လောဘမကြီးပါဘူး-၂

အရူးမကြီးပမာ အော်ဟစ်နေရင်း တင်ပါးပေါ် လက်တွေ တင်ထားပြီး ပြူးကျယ်နေသည့်မျက်ဝန်းတွေက မောင်းလောက်ကြီး ရှိ၏။

"ဘာကြောင့် စုယာယာဖြစ်ရတာလဲ? ဘာကြောင့်လဲ? ဘာလို့လဲ?!"

"အဲ့ကောင်မက ဘာတွေ ကောင်းနေလို့လဲ?"

"ငါမမဆီ ဖုန်းဆက်ရမယ်.. နောက်ပြီး အမြန်ပြန်လာဖို့ ပြောရမယ်!"

ကမန်းကတမ်းနှင့် ဖုန်းကို လိုက်ရှာသည်။ ပျက်စီးသွားသောဖုန်းကို ရှာတွေ့ချိန်မှာတော့ သူမရဲ့အမူအရာက ဆထက်ထမ်းပိုး မဲ့ကျသွားလေတော့သည်။

မှန်ပြင်ကို တရစပ်ထောက်နေပေမယ့် ဖုန်းကတော့ လုံးဝလင်းမလာခဲ့တော့။ ဘယ်ဖုန်းကောလ်မှ ခေါ်လို့ရမည်မဟုတ်တော့။ နောက်ဆုံးမှာ အန်ယွီထင်တစ်ယောက် ကြမ်းပြင်ပေါ် ပုံကျသွားပြီး ပြဲပြဲစင်အောင် ငိုတော့သည်။

အချိန်အကြာကြီး ငိုထားတာကြောင့် မျက်နှာပေါ်ရှိ အနုစိတ်ပြင်ထားသောမိတ်ကပ်တို့မှာ ပျက်ယွင်းပေကျံနေပြီး မြင်တွေ့ရသည်မှာ စိတ်မချမ်းသာစရာပင်။

တခဏအကြာတွင် ရှုချောင်ရန်သည် ဧည့်ခန်းထဲက အခြေအနေကိုမြင်ပြီး သူ၏ခပ်ချောချောမျက်နှာက အေးစက်သွားခဲ့၏။ ဆိုဖာပေါ် တင်နေသမျှတွေကို ခါထုတ်ပစ်ကာ ခံစားချက်မရှိသည့်မျက်နှာထားနှင့် ထိုင်ချလိုက်သည်။

ထိုအချိန်မှာတော့ အန်ယွီထင်သည် အငိုရပ်သွားခဲ့ပြီဖြစ်၏။ သူ၏လှုပ်ရှားမှုတွေကို ကြားသောအခါ သူမက မော့ကြည့်လာပြီး အေးစက်စက်မျက်နှာထားကို မြင်တွေ့လိုက်ရတော့သည်။

"ဒီကို ဘာလာလုပ်တာလဲ?"

သူမက တသိမ့်သိမ့်ရှိုက်ရင်း မေး၏။

ရှုချောင်ရန်က သူမကို ဖျက်ခနဲကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

"မစ်အန်, ဒါက ငါ့နေရာဆိုတာရယ် ဒီနေရာမှာ မင်းက ဧည့်သည်အဆင့်ပဲဆိုတာကို သတိပေးဖို့လိုသေးလား? မင်းဖျက်ဆီးခဲ့တဲ့အရာတွေကို ဘယ်လိုလျော်ကြေးပေးမှာလဲ?"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now