Chapter 130(Uni & Zawgyi)

4.1K 450 13
                                    

Unicode

အရင်ဦးဆုံး CaCa နေမကောင်းကြောင်း ပြောလိုက်တိုင်း ကျန်းမာရေးဂရုစိုက်ဖို့ ပြောပေးတဲ့
ဒါဒါလေးတွေ အကုန်လုံးကို အမြဲရင်ထဲ ထည့်ထားပါ့မယ်လို့.. ဂရုစိုက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်💜.. မန့်တစ်ခုချင်း rp ပြန်နေရင် တူတူပဲ ဖြစ်နေမှာမို့ ဒီကနေပဲ ပြောပါရစေနော်☺


အခန်း(၁၃၀) စောင့်ကြွားကြွား စုရှောင့်ရွှမ်-၁

စုမားမားနှင့်စုပါးပါးတို့ဟာ စုယာယာနှင့် အဆက်အသွယ် မလုပ်ဖြစ်တာ အတော်ကြာခဲ့ပြီဖြစ်သည်။ ဒါ့ကြောင့် စုယာယာ၏အပြင်ဘဝက ဘယ်လိုဖြစ်နေလဲဆိုတာကို သူတို့သေချာမသိချေ။ ဟိုတလောက သမီးဖြစ်သူကို နို့ချိုချဉ်ကြော်ငြာတစ်ခုမှာ တွေ့လိုက်ရပြီး ချိုချဉ်ကလည်း အတော်လေး စားကောင်းမည့်ပုံပေါ်လေသည်။ စုမားမားသည် စူပါမားကတ်မှာ ရောင်းနေတာကို တွေ့သောအခါ သူမဖာသာ အိမ်မှာစားဖို့ ခိုးဝယ်ခဲ့သည်။ တစ်လုံးစားလိုက်ပြီးနောက် သူမ ထိုအရသာကို အတော်လေးကြိုက်သွားပြီး သူမသမီးလေးအတွက် ကြိတ်ပျော်နေခဲ့သည်။ အခုဆို သူတို့သမီးလေးက ကြော်ငြာမင်းသမီးတစ်လက်ဖြစ်လာခဲ့ပြီ။ ကြည့်ရတာတော့ သူမ အတော်လေး အဆင်ပြေနေလို့နေမှာ။ နောက်ဆုံးတော့ သူမ စိတ်အေးရပြီလေ။

ဒါပေမယ့် နှစ်ရက်ခန့်ကြာတော့ သူတို့အစ်ကိုရဲ့ သမီးဖြစ်သူ စုရှောင့်ရွှမ်က စုယာယာ အင်တာနက်ပေါ်မှာ ဆဲဆိုခံနေရကြောင်း အိမ်ကို အပြေးအလွှားလာပြောမည်ဟု ဘယ်သူက ထင်ထားခဲ့မှာလဲ? လူပေါင်းများစွာက သူမကို ဆဲဆိုနေကြပြီး တစ်ချို့ကဆို သူမကို ပြည့်တန်ဆာဟုပင် ခေါ်နေကြ၏။ ရှုပ်ထွေးတဲ့ဘဝနေထိုင်မှုနှင့် သူမရဲ့ခန္ဓာကိုယ်ကို ရောင်းစားတဲ့သူ, ယောက်ျားတွေကို အဝတ်အစားလဲဝင်သလိုမျိုး နေ့တိုင်းပြောင်းနေတဲ့သူ, မဟုတ်ရင် ချိုချဉ်ကြော်ငြာကို ရခဲ့မှာလဲ?

စုမားမားသည် စုရှောင့်ရွှမ်ပြောတာကို ကြားသောအခါ ဒေါသစိတ်ကို မထိန်းနိုင်တော့ချေ။ ချက်ချင်းပင် စုယာယာက အဲလိုလူမျိုးမဟုတ်ကြောင်းပြောကာ စွပ်စွဲချက်တွေကို ငြင်းဆိုတော့သည်။ ဒါပေမယ့် ထိုအချိန်တွင် စုရှောင့်ရွှမ်ဟာ အလွန်စိတ်ကြီးဝင်နေကာ သူမရဲ့ဖုန်းကိုထုတ်၍ စုမားမားရဲ့ရှေ့မှာ လှုပ်ယမ်းပြ၏။ အငြိုးအတေးကြီးစွာ ပြုံးနေရင်း ပြောသည်က

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now