Chapter 92+93(Zawgyi)

3K 166 8
                                    

အခန်း(၉၂) သူ့မှာ သူ့ရဲ့ကိုယ်ပိုင်ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိ တယ် -၁

မျက်နှာထားကတော့ တင်းမာခက်ထန်နေသည့်ပုံနှင့် ချန်ရှုံချီသည် ဖုန်းကို ကြည့်နေခဲ့ပြီး Weibo ပေါ်ရှိ သတင်း ထောက်Xတင်ထားသောပုံတွေကို မြင်သွားခဲ့သည်။ ဓာတ်ပုံ တွေထဲက လူနှစ်ယောက်ကို အသေအချာကြည့်ပြီးနောက် မျက်စိသူငယ်အိမ်တို့ ကျုံ့သွားခဲ့တော့သည်။ အန်ယွီထင်၏ ဖုန်းကိုဆွဲယူလိုက်ကာ လက်ချောင်းတွေက ဖန်သားပြင်ပေါ် အလျင်အမြင်ပြေးလွှားနေရင်း ပုံတစ်ပုံချင်းစီကို ထောက် ကြည့်ပြီး အနီးကပ်ဆွဲကြည့်နေ၏။

ချန်ရှုံချီ၏အမူအရာ မည်မျှဆိုးဝါးနေကြောင်းကို အန်ယွီထင်မြင်သောအခါ တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်စွာ ဖက်တွယ်ထားသော စုယာယာနှင့် ရှုချောင်ရန်တို့၏ပုံတွေကို မြင်ပြီး အလွန်ဒေါသထွက်နေခြင်း ဟု သတ်မှတ်လိုက်တော့သည်။ ရှုချောင်ရန်နှင့် ချန်ရှုံချီ တို့ကြားက ဖုံးကွယ်ထားသော လျို့ဝှက်သဘောထားကွဲလွဲမှု တွေရှိနေတယ်ဆိုတာကိုတော့ ပြောဖို့ပင်မလိုတော့။ ဒါတောင် စုယာယာက ထိုသူနှင့် တရင်းတနှီးရှိနေလိုက် သေး။ သူမက ကိုယ့်သေတွင်းကိုယ် တူးနေတော့တာပဲ။

သူမက မီးစညှိဖို့ ထိုအခွင့်အရေးကို အရယူတော့သည်။

"ရှုံချီကောကော,အစ်ကိုက စုယာယာကို အရမ်းကောင်း ပေးခဲ့တာမလား..သူမကို ကာကွယ်ပေးတယ်.. သူမကို အလို လိုက်တယ်..သူမကို အရာရာတိုင်းပေးအပ်ထားတယ်.. ဒါပေ မယ့် အခုတော့ကြည့်ပါဉီး အဲ့ကောင်မ အပြင်မှာ ဘယ်လို တွေတောင်လုပ်ပစ်ခဲ့လဲ? အပြင်မှာ အခြားယောက်ျားတစ် ယောက်နဲ့ကလူနေရုံသာမက သူတို့က အွန်လိုင်းပေါ်မှာ တောင် တစ်ယောက်ကိုတစ်ယောက် ဝန်ခံလိုက်ကြသေး.. ဘာတဲ့.. သူတို့က စီနီယာဂျူနီယာ မောင်နှမဆက်ဆံရေးတဲ့ လား.. သူတို့က ဖောက်ပြန်နေကြတဲ့သူတွေပဲ!

"တော်ပြီ!"

ချန်ရှုံချီက ဒေါသထွက်ထွက်ဖြင့် ပိတ်ပြောသည်။ သူ၏ မျက်နှာချောချောမှာတော့ မကျေမချမ်းမှုတွေ ပေါ်လွင်နေ ပြီး မကြာမှီ မုန်တိုင်းထန်တော့မည်အလား ခြောက်ခြားဖွယ် အေးစက်လို့နေတော့၏။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now