အခန်း(၃၇)အကြီးစားစပရိုက်-၂/အခန္း(၃၇)အႀကီးစားစပရိုက္-၂

7.2K 874 10
                                    

Unicode

အခန်း(၃၇)အကြီးစားစပရိုက်-၂

ဒါက ပြီးခဲ့တဲ့တအပတ်က စီးပွားရေးမဂ္ဂဇင်းအတွက် အင်တာဗျူးပင်။ လတိုင်း ချန်ရှုံချီသည် အင်တာဗျူး တစ်ခု နှစ်ခု လက်ခံလေ့ရှိသည်။ မေးခွန်းတွေက များသောအားဖြင့် ခပ်ဆင်ဆင်တွေပဲ ဆိုတော့ သူတောင် မှတ်မိလို့နေပြီ။

သို့သော်လည်း စုယာယာက တကယ်ကြီး သူ့ကို အသားပေးထားတဲ့ မဂ္ဂဇင်းစာအုပ်ကို ဝယ်ခဲ့တယ်ဆိုတာက သူကို အံ့အားသင့်သွားစေပြီး နှစ်သက်ကြည်နူးမိသည်။

ချန်ရှုံချီသည် သူမရဲ့လိမ္မာရိုကျိုးနေပုံ နောက်ပြီး နေ့ တိုင်း သူ့ကို ကျေနပ်စေဖို့ သူမလေးရဲ့ ကြိုးစားနေပုံလေး တွေကို ပြန်တွေးမိသည်။ သူမက သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်မိနေတာ အသေအချာပဲ။

ထိုအတွေးကြောင့် သူပင် မသိလိုက်ဘဲ ပြုံးလိုက်မိ သည်။ သူ့လောက် ထူးချွန်တဲ့သူ ရှိမည်မဟုတ်။

ချန်ရှုံချီ ဘေးဘက်ရှိ သူ့အကြည့်ကို ဖမ်းစားနေသည့် ယုန်ဖြူချိုချဉ်ဘူးနှစ်ဘူးထံ ရွှေ့လိုက်သည်။ နာမည်ကြီး brandတစ်ခု မဟုတ်သော်လည်း သူ့ကို ဆွဲဆောင်လို့နေ သည်။ သူ့ရဲ့ပုံမှန်အကျင့်အရဆို သူ အချိုစားရတာ မကြိုက် ပေ။ ဒီနေ့ သူ ဘာဖြစ်နေသလဲဆိုတာ သူမသိချေ။ သို့သော် ဘူးကို ဖွင့်ကာ ချိုချဉ်တစ်လုံးကတော့ သူ့ပါးစပ်ထဲ ရောက် ရှိသွားခဲ့ပြီ။ အနံ့နဲ့ အချိုအရသာကတော့ ကွက်တိပဲ။ ချိုချဉ် အရသာက သူ့ခံတွင်းထဲ စွဲကျန်ရစ်ကာ အမှန်ပင် အရသာရှိ လှသည်။

စုယာယာသည် ဂျုံယာဂုနှင့် သခွားသီးသုပ်တို့ကို မီးဖို ခန်းထဲမှ သယ်လာခဲ့ရင်း စားပွဲဘေးမှာ ရပ်နေပြီး နှစ်လုံး မြောက် သကြားလုံးကို စားနေသည့် ချန်ရှုံချီကို တွေ့လိုက်ရ သည်။

"ကို ပြန်လာပြီ"

ချန်ရှုံချီသည် သူ ချိုချဉ်စားနေရင်း လူမိသွားလိမ့်မည်ဟု မထင်မှတ်ထားပေ။ သူ့စိတ်ထဲမှာ ညည်းတွားလိုက်ပေမယ့် အပြင်ပန်းမှာတော့ ဘာသိဘာသာနေနေ၏။ ထိုအမျိုးသား က မျက်နှာသေဖြင့် ပြောလာသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now