အခန်း(၃၉) သူမ ဘယ်တုန်းကမှ သူ့နှလုံးသားကို ဖမ်းဖို့ မတွေးဖူးဘူး-၂

7K 876 47
                                    

Unicode

အခန်း(၃၉) သူမ ဘယ်တုန်းကမှ သူ့နှလုံးသားကို ဖမ်းဖို့ မတွေးဖူးဘူး-၂

ဘယ်ယောကျ်ားမဆို စုယာယာရဲ့ မြှောက်ပင့်တဲ့စကား လုံးတွေကို ကျေနပ်ဂုဏ်ယူစွာ ခံစားမိမှာပင်။ ချန်ရှုံချီသည် လည်း ချွင်းချက်မဟုတ်ပါ။

သူတို့နှစ်ဉီးက စာချုပ်နဲ့ လက်ထပ်ခဲ့တယ်ဆိုဉီးတော့ ချန်ရှုံချီလိုလူမျိုးတွေက သူတို့အတွက် တွဲဖက်ဖြစ်နိုင်မယ့် ထူးချွန်ထက်မြက်သော အမျိုးသမီးကိုသာ သူတို့ရဲ့ဇနီး မယားဖြစ်စေချင်ကြတာချည်းပဲ။ ထိုနည်းဖြင့် ထိုအမျိုးသား က သူနဲ့တူတူ ယှဉ်တွဲ၍ လူကြားထဲ သူ့ဇနီးကို ချပြစဉ် သူ့ရဲ့နာမည် ဂုဏ်သတင်းကောင်းကို ထိန်းသိမ်းထားနိုင်ပေ မည်။ အရင်တုန်းက စုယာယာသည် အလွန်ဆုံး ချန်ရှုံချီ ရဲ့ ချစ်သူကောင်မလေးအဆင့်သာ ဖြစ်နိုင်ခဲ့သည်။ ထိုအရာက သူ သူတို့ရဲ့လက်ထပ်ပွဲကို လူသိရှင်ကြားမလုပ်ခဲ့တဲ့ အကြောင်းရင်းများစွာထဲက တစ်ချက်ပင်။

သူသည် သူမက သူ့ကို စိတ်ချမ်းသာစေတဲ့အတွက် ကြောင့် သူမကို အလိုလိုက်ထားပြီး ချော့မြူဖို့ အလိုရှိတာ ပင်။ သို့သော် သူမသာ ပိုတောင်းဆိုလာခဲ့ရင် သူ ခွင့်ပြုလိမ့် မည်မဟုတ်။ အခုများတော့ စုယာယာက သူအတွက် သူမ ကိုယ်သူမ ပြောင်းလဲရန်ဆန္ဒရှိပြီး ပိုထူးချွန်ထက်မြက်လာခဲ့ သည်။ ယောက်ျားတစ်ယောက်အနေနဲ့ သူ့ရဲ့မော်ကြွားမှုကို စိတ်ကျေနပ်စေသည်။ ထို့ကြောင့် သူသည် သူမရဲ့အကြောင်း ပြချက်ကို ပွင့်ပွင့်လင်းလင်းပင် လက်ခံခဲ့သည်။

"အရမ်းပင်ပန်းလာတယ်လို့ ထင်ရင် အဲ့လောက် ကြိုးစားအလုပ်လုပ်ဖို့ မလိုအပ်ဘူး... မင်း အိမ်မှာပဲ နေပြီး အရင်လိုပဲ နားနေလို့ရတယ်နော်"

ချန်ရှုံချီက သူမရဲ့ကျောကို ပုတ်ရင်း ချော့မြူသည်။

စုယာယာရဲ့အတွေးက : နည်းနည်းလေးမျှ မပင်ပန်းပါ ဘူး။ သူမက ဒီအခွင့်အရေးကို သူကို စိတ်ကျေနပ်စေဖို့နဲ့ သူတို့ရဲ့ဆက်ဆံရေးကို ပိုခိုင်မာအောင် တည်ဆောက်ဖို့ အသုံးပြုမယ်။ သူမရဲ့ရည်ရွယ်ချက်တွေ အတွက်ကတော့ သူမသည် ပိုက်ဆံပိုရှာနိုင်ဖို့ ပိုစုဆောင်းနိုင်ဖို့ ကြိုးကြိုး စားစား အလုပ်လုပ်ရမယ်။ ဒါမှသာ ကွာရှင်းဖို့ အချိန် ကျရောက်လာတဲ့အခါ သူမရဲ့ဘဝအခြေအနေက အရမ်းကြီး ဆိုး မသွားမှာပင်။ သူမရဲ့မွေးရပ်မြေကို ပြန်ပြီး ကောက်ပဲ သီးနှံတွေ စိုက်ကာ သူမရှာထားတဲ့ ပိုက်ဆံတွေနဲ့ သက် တောင့် သက်သာဘဝတစ်ခုကို ရဖို့အတွက်ပဲ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now